Wednesday, October 30, 2013

နိုင်ငံခြား ငွေ လက်မှတ် ( FEC ) များ ပြန်လည် အပ်နှံ လဲလှယ် ကြပါရန် နှိုးဆော်ခြင်း

နိုင်ငံခြား ငွေ လက်မှတ် ( FEC ) များ ပြန်လည် အပ်နှံ လဲလှယ် ကြပါရန် နှိုးဆော်ခြင်း
မြန်မာ နိုင်ငံတော် ဗဟိုဘဏ် သည် ပြည်သူ များ လက်ဝယ် ထားရှိ ပိုင်ဆိုင် သော နိုင်ငံခြား ငွေ လက်မှတ် များ ပြန်လည် ရွေးနုတ် ယူခြင်း ကို အကောင် အထည် ဖော် ဆောင်ရွက်လျက် ရှိရာ ကနဦး သတ်မှတ် ကာလ ဖြစ်သည့် ၁ - ၄ - ၂၀၁၃ ရက်နေ့ မှ ၃၀ - ၆ - ၂၀၁၃ ရက်နေ့ အထိ ကာလ ၌ နိုင်ငံခြား ငွေ လက်မှတ် လဲလှယ် သူများ ၏ ဆန္ဒ နှင့် အညီ အပ်နှံ လဲလှယ် နိုင်သည့် အစီအစဉ် များ အဖြစ်
( က ) နိုင်ငံခြားငွေ လက်မှတ် လဲလှယ်သူ စာရင်း ဖွင့်လှစ် ထားသော ဘဏ်ရှိ အမေရိကန် ဒေါ်လာ ငွေစာရင်းသို့ ထည့်သွင်း ပေးခြင်း သို့မဟုတ် အမေရိကန် ဒေါ်လာဖြင့် ငွေသား ထုတ်ပေးခြင်း၊
( ခ ) နိုင်ငံခြားငွေ လက်မှတ် လဲလှယ်သူ အမည် ဖြင့် ဘဏ် တွင် သက်ဆိုင် ရာ နိုင်ငံခြား ငွေ စာရင်း အသစ် ဖွင့်လှစ် ထည့်သွင်း ခြင်း၊
( ဂ ) ဗဟိုဘဏ် က နေ့စဉ် ထုတ်ပြန် သည့် ရည်ညွှန်း ငွေ လဲလှယ်နှုန်း ကို အခြေခံ သော ငွေလဲ ကောင်တာများ ၏ နိုင်ငံခြား ငွေ ဝယ် ဈေးနှုန်းဖြင့် ပြောင်းလဲ တွက်ချက် ရရှိသော ကျပ်ငွေ ကို နိုင်ငံခြားငွေ လက်မှတ် လဲလှယ် သူ ဖွင့်လှစ် ထားသည့် ကျပ်ငွေ စာရင်း သို့ ထည့်သွင်း ခြင်း၊
( ဃ ) နိုင်ငံခြားငွေ လက်မှတ် လဲလှယ် သူ အမည် ဖြင့် သက်ဆိုင်ရာ ဘဏ် တွင် ကျပ်ငွေ စာရင်း အသစ် ဖွင့်လှစ် ထည့်သွင်း ခြင်း သို့မဟုတ် ကျပ်ငွေ ဖြင့် ငွေသား ထုတ်ပေးခြင်း စသည် တို့ ဆောင်ရွက် ပေးခဲ့ပြီး ဖြစ် ပါသည်။
နိုင်ငံခြား ငွေ လက်မှတ်များ ကို ကနဦး သတ်မှတ် ကာလအတွင်း အကြောင်း အမျိုးမျိုး ကြောင့် အပ်နှံ လဲလှယ် နိုင်ခြင်း မရှိသူများ သည် ကနဦး ကာလ အတွင်း မဆောင်ရွက် နိုင်ခြင်း အတွက် ခိုင်လုံ သော အကြောင်းပြ ရေးသား ဖော်ပြချက် တင်ပြ လျက် ၁ - ၇ - ၂၀၁၃ ရက်နေ့ မှ ၃၁ - ၃ - ၂၀၁၄ ရက်နေ့ အထိ နိုင်ငံခြား ငွေများ ရောင်းဝယ် ဖောက်ကား သည့် လုပ်ငန်း လိုင်စင်ရ ဘဏ်များ တွင် အပ်နှံ လဲလှယ် နိုင်ကြောင်း အသိပေး ကြေညာ ပြီး ဖြစ် ပါသည်။
နိုင်ငံခြား ငွေများ ရောင်းဝယ် ဖောက်ကား သည့် လုပ်ငန်း လိုင်စင်ရ ဘဏ်များ တွင် နိုင်ငံခြားငွေ လက်မှတ် အပ်နှံ လဲလှယ် ခြင်းကို အထက် ဖော်ပြပါ နည်းလမ်း များ ဖြင့် ဆောင်ရွက် နိုင်ရန် စီစဉ် ထားရှိပြီး ယင်း သတ်မှတ် ကာလ ဖြစ်သည့် ၃၁ - ၃ - ၂၀၁၄ ရက်နေ့ ကျော်လွန် ပါက နိုင်ငံခြားငွေ လက်မှတ် အပ်နှံ လဲလှယ်ခြင်း ကို ဆောင်ရွက် ပေးနိုင်တော့ မည် မဟုတ် သဖြင့် နိုင်ငံခြားငွေ လက်မှတ် လက်ဝယ် ထားရှိ ပိုင်ဆိုင် ကြသူများ အနေ ဖြင့် အချိန်မီ အပ်နှံ လဲလှယ် ကြပါရန် တိုက်တွန်း နှိုးဆော်အပ် ပါ သည်။
မြန်မာ့အလင်း
နိုင်ငံခြား ငွေ လက်မှတ် ( FEC ) များ ပြန်လည် အပ်နှံ လဲလှယ် ကြပါရန် နှိုးဆော်ခြင်း  မြန်မာ နိုင်ငံတော် ဗဟိုဘဏ် သည် ပြည်သူ များ လက်ဝယ် ထားရှိ ပိုင်ဆိုင် သော နိုင်ငံခြား ငွေ လက်မှတ် များ ပြန်လည် ရွေးနုတ် ယူခြင်း ကို အကောင် အထည် ဖော် ဆောင်ရွက်လျက် ရှိရာ ကနဦး သတ်မှတ် ကာလ ဖြစ်သည့် ၁ - ၄ - ၂၀၁၃ ရက်နေ့ မှ ၃၀ - ၆ - ၂၀၁၃ ရက်နေ့ အထိ ကာလ ၌ နိုင်ငံခြား ငွေ လက်မှတ် လဲလှယ် သူများ ၏ ဆန္ဒ နှင့် အညီ အပ်နှံ လဲလှယ် နိုင်သည့် အစီအစဉ် များ အဖြစ်  ( က ) နိုင်ငံခြားငွေ လက်မှတ် လဲလှယ်သူ စာရင်း ဖွင့်လှစ် ထားသော ဘဏ်ရှိ အမေရိကန် ဒေါ်လာ ငွေစာရင်းသို့ ထည့်သွင်း ပေးခြင်း သို့မဟုတ် အမေရိကန် ဒေါ်လာဖြင့် ငွေသား ထုတ်ပေးခြင်း၊  ( ခ ) နိုင်ငံခြားငွေ လက်မှတ် လဲလှယ်သူ အမည် ဖြင့် ဘဏ် တွင် သက်ဆိုင် ရာ နိုင်ငံခြား ငွေ စာရင်း အသစ် ဖွင့်လှစ် ထည့်သွင်း ခြင်း၊  ( ဂ ) ဗဟိုဘဏ် က နေ့စဉ် ထုတ်ပြန် သည့် ရည်ညွှန်း ငွေ လဲလှယ်နှုန်း ကို အခြေခံ သော ငွေလဲ ကောင်တာများ ၏ နိုင်ငံခြား ငွေ ဝယ် ဈေးနှုန်းဖြင့် ပြောင်းလဲ တွက်ချက် ရရှိသော ကျပ်ငွေ ကို နိုင်ငံခြားငွေ လက်မှတ် လဲလှယ် သူ ဖွင့်လှစ် ထားသည့် ကျပ်ငွေ စာရင်း သို့ ထည့်သွင်း ခြင်း၊  ( ဃ ) နိုင်ငံခြားငွေ လက်မှတ် လဲလှယ် သူ အမည် ဖြင့် သက်ဆိုင်ရာ ဘဏ် တွင် ကျပ်ငွေ စာရင်း အသစ် ဖွင့်လှစ် ထည့်သွင်း ခြင်း သို့မဟုတ် ကျပ်ငွေ ဖြင့် ငွေသား ထုတ်ပေးခြင်း စသည် တို့ ဆောင်ရွက် ပေးခဲ့ပြီး ဖြစ် ပါသည်။   နိုင်ငံခြား ငွေ လက်မှတ်များ ကို ကနဦး သတ်မှတ် ကာလအတွင်း အကြောင်း အမျိုးမျိုး ကြောင့် အပ်နှံ လဲလှယ် နိုင်ခြင်း မရှိသူများ သည် ကနဦး ကာလ အတွင်း မဆောင်ရွက် နိုင်ခြင်း အတွက် ခိုင်လုံ သော အကြောင်းပြ ရေးသား ဖော်ပြချက် တင်ပြ လျက် ၁ - ၇ - ၂၀၁၃ ရက်နေ့ မှ ၃၁ - ၃ - ၂၀၁၄ ရက်နေ့ အထိ နိုင်ငံခြား ငွေများ ရောင်းဝယ် ဖောက်ကား သည့် လုပ်ငန်း လိုင်စင်ရ ဘဏ်များ တွင် အပ်နှံ လဲလှယ် နိုင်ကြောင်း အသိပေး ကြေညာ ပြီး ဖြစ် ပါသည်။   နိုင်ငံခြား ငွေများ ရောင်းဝယ် ဖောက်ကား သည့် လုပ်ငန်း လိုင်စင်ရ ဘဏ်များ တွင် နိုင်ငံခြားငွေ လက်မှတ် အပ်နှံ လဲလှယ် ခြင်းကို အထက် ဖော်ပြပါ နည်းလမ်း များ ဖြင့် ဆောင်ရွက် နိုင်ရန် စီစဉ် ထားရှိပြီး ယင်း သတ်မှတ် ကာလ ဖြစ်သည့် ၃၁ - ၃ - ၂၀၁၄ ရက်နေ့ ကျော်လွန် ပါက နိုင်ငံခြားငွေ လက်မှတ် အပ်နှံ လဲလှယ်ခြင်း ကို ဆောင်ရွက် ပေးနိုင်တော့ မည် မဟုတ် သဖြင့် နိုင်ငံခြားငွေ လက်မှတ် လက်ဝယ် ထားရှိ ပိုင်ဆိုင် ကြသူများ အနေ ဖြင့် အချိန်မီ အပ်နှံ လဲလှယ် ကြပါရန် တိုက်တွန်း နှိုးဆော်အပ် ပါ သည်။  မြန်မာ့အလင်း

No comments:

Post a Comment