Wednesday, October 30, 2013

Dialysis ကျောက်ကပ်ဆေးခြင်း

Dialysis ကျောက်ကပ်ဆေးခြင်း


ကျွန်မ ယောင်းမက အသက် ၄၁ နှစ်ပါ။ အသက် ၂၅ နှစ်ကနေစပြိ၊ းသွေးတိုးကျဆေး ဆက်တိုက်သောက်လာခဲ့ပါတယ်။ အခုတော့ သူ့ကျောက်ကပ် ကျုံနေတယ်လို့သိရပါတယ်။ နယ်မှာနေတော့ သွေးတိုးကျတဲ့ဆေးကို သောက်ပြိး တခြား ရောဂါကို မစစ်ဆေးခဲ့ဖူးပါ။ ခုပါမောက္ခ ႕႕႕႕႕ နဲ့ ပြတော့ ဆရာက တခြမ်းက ကျံနေပြိး ကျန်တဲ့တခြမ်းက ကောင်းကောင်း အလုပ်မလုပ်လို့ ပြောပါတယ်။ အခုတော့ ကျောက်ကပ်ဆေးရမယ်၊ တပတ်ကို ၃ ခါ ဆေးရမယ်ပြောပါတယ်။ အမက ကျောက်ကပ်ဆေးရင် သေမယ်လို့ တွေးထားတဲ့သူပါ။ ကျွန်မတို့က ဆရာဝန် ကုသမှုအပိုင်းကို ခံယူစေချင်ပေမဲ့ သူကအတင်းငြင်းဆန်နေပါတယ်။ အစစအရာရာတွေးပြီး ငဲ့ညှာနေပုံပါ။ ကျွန်မ သိချင်တာ ကျောက်ကပ်ဆေးခြင်းနဲ့ ပတ်သတ်တဲ့အကြောင်းအရာပါ။ တခြား မဆေးပဲ နေရင် ဖြစ်လာနိုင်တဲ့ အကျိုးတရားတွေကိုပါ ရှင်းပြပေးပါဆရာ။ တခြား ငွေကုန်သက်သာပြီး အကျိုးရှိမဲ့ကိစ္စပါ သိချင်ပါတယ်ဆရာ။ ငွေမတတ်နိုင်တဲ့လူနာတွေ အတွက်ပါ တခါထဲ သိပါရစေရှင်။

လူတွေရဲ့ကျောက်ကပ်ဟာ မရှိမဖြစ်လိုအပ်တဲ့အင်္ဂါအစိတ်အပိုင်းတခုဖြစ်တယ်။ တယောက်မှာ ၂ ခုရှိတယ်။ တခုထဲလဲ နိုင်လို့ ကျောက်ကပ်လှူလို့ရတယ်။ ကျောက်ကပ်ကနေ ကိုယ်တွင်း ရေ နဲ့ ဓါတ်ဆားတွေ မျှခြေရှိနေအောင်လုပ်ပေးတယ်။ ဓါတ်ဆေားတွေဆိုတာ ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ ကလိုရိုက်၊ ကယ်လ်စီယမ်၊ ဖေါ့စ်ဖါးရပ်စ်၊ မဂ္ဂနီဆီယမ်၊ ဆာလ်ဖိတ်တွေ ဖြစ်တယ်။ ဒါ့ပြင် ကျောက်ကပ်ဟာ (အင်ဒိုခရိုင်း) ခေါ်တဲ့ ဟော်မုန်းနဲ့ဆိုင်တာကိုလဲလုပ်ပေးတယ်။ Erythropoietin ဆိုတာက သွေးနီဥထုတ်ပေးရာမှာ ကူညီတယ်။ Calcitriol ကနေ အရိုးအတွက်ကူတယ်။

ဓါတုဗေဒ သင်ဘူးသူတွေ သိပါမယ်။ တဝက်တပျက်စိမ့်ဝင်နိုင်တဲ့အလွှာပါးလေးတခုကနေ ဟိုဘက်ဒီဘက် ပျော်ဝင်နေတာတွေကို ကူးလူးစေတဲ့နည်းကို ကျောက်ကပ်ဆေးရာမှာသုံးတယ်။ အမျိုးအစား ၂ ခုရှိတယ်။ အဓိက Hemodialysis နည်းနဲ့ Peritoneal dialysis နည်းတွေဖြစ်တယ်။ တခြားနည်းတွေလဲရှိသေးတယ်။

ကျောက်ကပ်အထူးကုဆရာဝန်ကနေ လုပ်ရတော့မယ်ဆိုတာ ဆုံးဖြတ်တယ်။ လုပ်ပြီဆိုတာနဲ့ တိကျတဲ့ အချိန်ဇယားလဲ ဆွဲပေးပါမယ်။ အများအားဖြင့် တပါတ်မှာ ၃ ခါ၊ တခါလုပ်ရင် ၃ နာရီကနေ ၅ နာရီကြာတယ်။ ကျောက်ကပ်ဆေးတာ လုပ်ရပေမဲ့ ကျောက်ကပ်လုပ်ပေးတာမှန်သမျှကိုတော့ ရာနှုန်းပြည့်မတတ်နိုင်ပါ။

လူနာတွေ စိတ်ဓါတ်ကျနိုင်တယ်။ ဒါကို ပြုပြင်မှုလုပ်ပေးရမယ်။
အစားအသောက် ဂရုစိုက်ရမယ်။ အတိအကျပြောပါမယ်။ ရေ-အရည် တနေ့ဘယ်လောက်သောက်ရမယ်၊
ဓါတ်ဆားပါတာတွေလဲသတိထားရတယ်။
o (ပိုတက်ဆီယမ်) များတဲ့အစားတွေ လိမ်မော်သီး၊ အာလူးသီး၊ ငှက်ပျောသီး၊ ခရမ်းချဉ်သီး၊ အသီးခြောက်တွေ။
o (ဖေါ့စ်ဖါးရပ်စ်) များတာတွေက နွားနို့၊ ဒိန်ခဲ၊ ပဲ၊ အစေ့အဆံ၊ မြေပဲ၊ ကိုကာကိုလာ။
o (ဆိုဒီယမ်) များတာတွေ တား၊ ဟင်းချိုမှုံ့၊ ငန်ပြာရည်၊ ငါးပိ၊ ငါးခြောက်၊
o (ပရိုတင်း) များတာတွေက အသား၊ ငါး၊ ဥနဲ့ ပဲတွေ။
အားဆေးဆိုပြီး သောက်ရမှာကိုလဲ ဆရာဝန်ကညွှန်ပါမယ်။

ကျောက်ကပ် အလုပ်နိုင်အောင်မလုပ်နိုင်ရင် အသက်ရှည်ဘို့ မလွယ်ပါ။ ကျောက်ကပ်ဆေးရတာလဲ ငွေကုန်ပါတယ်။ တခြား ဒိထက်ကောင်းတဲ့နည်း မသိပါ။ ကံတရား အားကိုးပါ။ ငွေကြေး မတတ်နိုင်သူများအတွက် ဇီဝိတဒါနပြုလိုသူများ ပေါ်ပေါက်ပါစေ။

No comments:

Post a Comment