Monday, October 28, 2013

လကမ္ဘာသို့ လွှတ်တင်ရန်အတွက် လူ ၁ဝ ဦး

လကမ္ဘာသို့ လွှတ်တင်ရန်အတွက် လူ ၁ဝ ဦးအား တရုတ် ရွေးချယ်

(0 votes)
ပေကျင်း  အောက်တိုဘာ ၂၇
လကမ္ဘာသို့ ယခုနှစ်ဒီဇင်ဘာလ အတွင်း လွှတ်တင် သွားနိုင်ဖွယ်ရှိသည့် လဆင်းယာဉ်တွင် လိုက်ပါမည့် အာကာသယာဉ်မှူး ၁ဝ ဦး၏ အမည်အား တရုတ် အာကာသ ဆိုင်ရာ  ကြီးကြပ် ကွပ်ကဲရေးအဖွဲ့က  အွန်လိုင်းမှတစ်ဆင့် ရွေးချယ်ခဲ့ပြီးနောက် ထုတ်ပြန် ကြေညာခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။
အဖွဲ့ဝင် ၁၄ ဦးပါဝင်သည့် အဆိုပါ ကြီးကြပ် ကွပ်ကဲရေး အဖွဲ့သည် လကမ္ဘာသို့ သွားရောက်လည်ပတ်မည့် အကျော်ကြားဆုံး လူ ၁ဝ ဦးအား အောက်တိုဘာ ၂၆ ရက်က ဆွေးနွေးမှုများ ပြင်းပြင်းထန်ထန် ပြုလုပ်ခဲ့ပြီးနောက် စိစစ် ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ၎င်းစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်နေသော အမည်များမှာ utu,Tansuo နှင့် lanyua တို့ဖြစ်ကြောင်း အောက် တိုဘာ ၂၇  ရက်က ထုတ်ပြန်သော ပေကျင်းနေ့စဉ် ထုတ်သတင်းစာ တစ်စောင်၌  ဖော်ပြခဲ့ သည်။
အဆိုပါ ရွေးချယ်မှုကို www.xin huanet.com နှင့် www.qq.com ဝက်ဘ်ဆိုက်များမှတစ် ဆင့် စက်တင်ဘာ ၂၅ ရက်မှ အောက်တိုဘာ ၂၅ ရက်အထိ ပြုလုပ်ခဲ့ခြင်းဖြစ်ကာ လူပေါင်း ၁၉ဝဝဝဝ ခန့် လျှောက်ထား ခဲ့ကြကြောင်း သိရသည်။
တရုတ်နိုင်ငံအနေဖြင့် လကမ္ဘာသို့  သွားရောက် လည်ပတ်မည့် အခြား အကျော်ကြားဆုံး လူသုံးဦးကိုလည်း  အွန်လိုင်းမှ တစ်ဆင့် လာမည့် သီတင်းပတ် တစ်ပတ်တွင် ထပ်မံ၍ ရွေးချယ် သွားမည် ဖြစ်ပြီး ၎င်းတို့အား နိုဝင်ဘာလတွင် ထုတ်ပြန် ကြေညာသွားမည် ဖြစ်ကြောင်း သိရသည်။
လကမ္ဘာသို့ သွားရောက်လည် ပတ်သူများသည် Chang'e-3 အာကာသယာဉ်ဖြင့် သွားရောက် ရမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment