Monday, October 28, 2013

ဆိုဂျောင်၏ အသံ အားကောင်းမှုကို ပရိသတ်များ အံ့သြချီးကျူး

ဆိုဂျောင်၏ အသံ အားကောင်းမှုကို ပရိသတ်များ အံ့သြချီးကျူး


ဆိုးလ်   အောက်တိုဘာ   ၂၇
တောင်ကိုရီးယား နိုင်ငံ၏ Ladies' Code အမျိုးသမီး အဆိုအဖွဲ့မှဆိုဂျောင်သည် Immortal  Song 2 အစီအစဉ်တွင် ပထမဆုံးအကြိမ် ဖျော်ဖြေခဲ့ပြီး သူမ၏ အသံအားကောင်းမှုကို  ပရိသတ်များက အံ့သြ ချီးကျူးခဲ့ကြောင်း သိရသည်။
ဆိုဂျောင်သည် အဆိုပါ အစီအစဉ်၌ လင်ဂျေးဘမ်၏ Beautiful Misunderstanding တေးသီချင်းကို သီဆို ဖျော်ဖြေခဲ့သည်။ Immortal  Song 2 အစီအစဉ်ကို တင်ဆက်သူ အခမ်းအနားမှူး ဂျောင်ဂျေးဟွမ်က ၎င်းအစီအစဉ်ကို အစမ်း လေ့ကျင့်နေစဉ် နားနေခန်းထဲမှ  ဆိုဂျောင်၏ အသံ လေ့ကျင့် သီဆိုမှုကို ကြားခဲ့ရကြောင်း၊ မည်သူ၏ အသံဖြစ်ကြောင်း ထွက်ကြည့် ရသည် အထိပင် သူမ၏ အသံသည် အလွန်ကောင်းကြောင်း ချီးကျူးခဲ့သည်။
၎င်းအစီအစဉ်၌ ဆိုဂျောင်အား ပရိသတ်များက အားပေးခဲ့ကြသော်လည်း B 1 A4 အဖွဲ့မှ Sandeulက ဂီတဆုကို ဆွတ်ခူး သွားခဲ့သည်။  

No comments:

Post a Comment