Monday, October 28, 2013

ကမ္ဘာ့တောင်ဝင်ရိုးစွန်း လေထုတွင်းရှိ အိုဇုန်းလွှာ အပေါက်ကြီး ပိုမိုသေးငယ် လာ

၂ဝ၁၃ ခုနှစ်တွင် ကမ္ဘာ့တောင်ဝင်ရိုးစွန်း လေထုတွင်းရှိ အိုဇုန်းလွှာ အပေါက်ကြီး ပိုမိုသေးငယ် လာဟု သိပ္ပံ ပညာရှင်များ ပြောကြား

(0 votes)
ဝါရှင်တန် အောက်တိုဘာ ၂၇
ကမ္ဘာ့ တောင်ဝင်ရိုးစွန်း ဒေသ၏ လေထုအတွင်းရှိ အိုဇုန်းလွှာ အပေါက်ကြီးမှာ လွန်ခဲ့သော ဆယ်စုနှစ် များအတွင်းက အရွယ်အစားထက် ယခုနှစ်တွင် ပို၍ သေးငယ် လာကြောင်း  အမေရိကန် အာကာသ အေဂျင်စီ  (NASA) အဖွဲ့က ပြောကြား ထားသည်။
အဆိုပါ အိုဇုန်းလွှာ အပေါက်ကြီး၏ အရွယ်အစားသည် ၁၉၉ဝ ပြည့်လွန်နှစ်များ အလယ်ပိုင်းတွင် ၂၂  ဒသမ ၅ သန်း စတုရန်း ကီလိုမီတာ ရှိခဲ့ပြီး ၂ဝ၁၃ခုနှစ် စက်တင်ဘာ- အောက်တိုဘာတွင် ၎င်းအပေါက် ကြီး၏ အရွယ်အစားမှာ ၂၁ သန်း စတုရန်း ကီလိုမီတာ အထိ ကျုံ့သွားခဲ့ကြောင်း NASA အဖွဲ့က ပြောကြားသည်။
သို့ရာတွင် အိုဇုန်းလွှာ အရွယ်အစား ကျုံ့သွားခြင်းမှာ ၎င်းအပေါက်ကြီး နောက်ဆုံးတွင် လုံးဝ ပိတ်သွား နိုင်ရန်အတွက် အစပျိုး နေခြင်းဖြစ်သည်ဟု ဆုံးဖြတ်ချက် ချနိုင်ရန်မှာမူ အချိန်စောလွန်း နေသေးကြောင်း ၎င်းအာကာ သ အေဂျင်စီ က ထုတ်ဖော် ပြောကြား ထားသည်။
၂ဝ၁၃ ခုနှစ်တွင် အဆိုပါ အိုဇုန်းလွှာ ပေါက်ကြီး ကျုံ့သွားရခြင်းမှာ ကမ္ဘာ့ တောင်ဝင်ရိုးစွန်း ဒေသ၏ အထက်လေထု အပူချိန် ပြောင်းလဲမှုကြောင့် ဖြစ်ကြောင်း၊ ၎င်းအပေါက်ကြီး၏ အရွယ်အစားမှာ ၁၉၉ဝ ပြည့်လွန်နှစ်များ အလယ်ပိုင်း က အရွယ်အစားထက် အမှန်တကယ် သေးငယ် သွားခဲ့ကြောင်း လေထုနှင့် အိုဇုန်းလွှာ ဆိုင်ရာ ကျွမ်းကျင်သူ သိပ္ပံ ပညာရှင် တစ်ဦးဖြစ်သူ ပေါလ်နယူးမန်းက အောက်တိုဘာ ၂၅ ရက်တွင်  ပြောကြားခဲ့ကြောင်း သိရသည်။

No comments:

Post a Comment