Wednesday, October 30, 2013

၁၉၃၈ က တီထွင်ခဲ့တဲ့ သေနတ်ပါ

၁၉၃၈ က တီထွင်ခဲ့တဲ့ သေနတ်ပါ။သေနတ်ကနေ ကျည်ဆံမထွက်ခင် ဓါတ်ပုံအရင်ရိုက်ပြီးမှာ ကျည်ထွက်ပါတယ်။မသေခင် နောက်ဆုံးအချိန်ရဲ့ ပုံတွေ ရယူချင်လို့ အခုလို တီထွင်ခဲ့တာပါတဲ့
မောင်စိုင်း
(ကနောင်)
၁၉၃၈ က တီထွင်ခဲ့တဲ့ သေနတ်ပါ။သေနတ်ကနေ ကျည်ဆံမထွက်ခင် ဓါတ်ပုံအရင်ရိုက်ပြီးမှာ ကျည်ထွက်ပါတယ်။မသေခင် နောက်ဆုံးအချိန်ရဲ့ ပုံတွေ ရယူချင်လို့ အခုလို တီထွင်ခဲ့တာပါတဲ့  မောင်စိုင်း (ကနောင်)
ပဲပြုတ်
ပဲပြုတ်ပြုတ်ရန်အတွက် စားတော်ပဲများကို အမှိုက်နှင့်ခဲများ ဖယ်ရှားပေးပြီး ရေကိုစင်အောင်ဆေး၍ ဇလုံကြီးကြီးတခုထဲတွင် ရေအပြည့်ထည့်ကာ တစ်ရက်တိတိ ရေစိမ်ထားပေးပါ။ တစ်ရက်ပြည့်လျှင် ဇကာထဲသို့ ရေစိမ်ထားသော ပဲများကိုထည့်ပြီး ရေပြန်စစ်ထားပေးပါ။ ရေစစ်ထားသော စားတော်ပဲဇကာကို နေပူသော နေရာတွင် မထားရပါ။
အရိပ်အောက်ထဲတွင်သာ ထားရပါမည်။ ရေစစ်ထားသော စားတော်ပဲဇကာကို တနေ့ကို သုံးကြိမ် (သို့) လေးကြိမ်လောက် ရေဘုံပိုင်အောက်မှာ ၂ မိနစ်လောက် ရေဖွင့်ပြီး ဇကာကို ရေစစ်အောင် အထက်အောက် လှုပ်ပေးပါ။ ပဲများကို အထက်အောက်လှန်သည့်အခါ လက်နှင့်ပဲများကို ကိုင်စရာမလိုပါ။စားတော်ပဲဇကာကိုသာ အသာလှုပ်ပေးပြီး အထက်အောက်လှန်ပေးပါ။အဲဒီလို နှစ်ရက်လောက်လုပ်ပေးသည့် အခါတွင် ပဲအညောင့် လေးများစပြီးထွက်လာပါလိမ့်မည်။ ပဲအညောင့်များထွက်နေစဉ် အတွင်းတွင်လည်း စားတော်ပဲဇကာကို ယခင်ရက်က တနေ့ကို သုံးကြိမ် (သို့) လေးကြိမ်လောက် ရေဘုံပိုင်အောက်မှာ ၂ မိနစ်လောက် ရေဖွင့်ပြီး ရေစစ်တဲ့နည်းကိုလဲ ဆက်လက်ပြီးလုပ်ပေးနေပါ။ ပဲအညောင့် လေးများပိုပြီး ရှည်ရှည်ထွက်လာပြီး ကိုလိုချင်တဲ့ အရှည်လောက် ဖြစ်လာပြီဆိုလျှင် ပဲစပြုတ်ဖို့ အသင့်ဖြစ်ပါပြီ။
ပဲပြုတ်ရန်အတွက် စားတော်ပဲများကို အိုးကြီးတစ်ခုထဲသို့ ပဲကိုထည့်၍ ရေကို ပဲမြုတ်ရုံသာထည့်ပေးပါ။ ပြီးလျှင် ဆားဆိုဒါကို ပဲအနည်းအများပေါ် မူတည်၍ မှန်းဆပြီးထည့်ပေးပါ။ အချို အရသာကြိုက်လျှင် ရေစိမ်ထားသော ထန်းညက်ခဲအရည်အနည်းငယ်ကို ထည့်ပေးပါ။
ထို့နောက် ပြုတ်မည့်အိုးထက် သေးသည့် အိုးဖုံးအသေးကို ဖုံးပေးပါ။ အဲဒီ အိုးအဖုံးက အိုးထဲသို့ ဝင်သွားပြီး ပဲများကို ဖုံးအုပ်လိုက်တဲ့ အခါမှာ ပဲများနှင့် အိုးအဖုံးက ကျပ်ကျပ်လေးနှင့် ကွပ်တိဖြစ်နေရမည်။ အိုးအဖုံးပေါ်မှာ လေးတဲ့အရာတခုခု (သို့) ငရုတ်ဆုံကို မှောက်ပြီးဖိထားပေးပါ။ အဲဒီလို ဖိထားတဲ့အတွက် ပဲအခွံများ လုံးဝကျွတ်မထွက်ပဲ ပဲအသားများအိပြီး ပဲလုံးများလဲလှကာ အရသာလဲ ပိုကောင်းပါတယ်။
မီးအေးအေးမျှင်မျှင်လေးဖြင့် ၂ နာရီ (သို့) ၂ နာရီ ခွဲ လောက်ကြာအောင်တည်ထားရပါတယ်။ ပဲပြုတ်ရလောက်ပြီဆိုလျှင် အိုးအဖုံးပတ်ပတ်လည်တွင် ဖျစ်ဖျစ်မြည်နေသော အသံများရပ်သွားပြီး ပဲပြုတ်အနံ့မွှေးမွှေးလေးထွက်လာပါလိမ့်မည်။ ပြီးလျှင် အိုးအဖုံးကိုဖွင့်ကာ ပဲနပ် မနပ် မြည်းကြည့်ကာ ပဲအားလုံးနပ်ပြီး ရေခမ်းသွားပြီ ဆိုလျှင် ကြိုက်နှစ်သက်သလို စားသုံးဖို့ စားတော် ပဲပြုတ် ပူပူလေး သုံးဆောင်လို့ ရပါပြီ။
ပဲပြုတ်  ပဲပြုတ်ပြုတ်ရန်အတွက် စားတော်ပဲများကို အမှိုက်နှင့်ခဲများ ဖယ်ရှားပေးပြီး ရေကိုစင်အောင်ဆေး၍ ဇလုံကြီးကြီးတခုထဲတွင် ရေအပြည့်ထည့်ကာ တစ်ရက်တိတိ ရေစိမ်ထားပေးပါ။ တစ်ရက်ပြည့်လျှင် ဇကာထဲသို့ ရေစိမ်ထားသော ပဲများကိုထည့်ပြီး ရေပြန်စစ်ထားပေးပါ။ ရေစစ်ထားသော စားတော်ပဲဇကာကို နေပူသော နေရာတွင် မထားရပါ။   အရိပ်အောက်ထဲတွင်သာ ထားရပါမည်။ ရေစစ်ထားသော စားတော်ပဲဇကာကို တနေ့ကို သုံးကြိမ် (သို့) လေးကြိမ်လောက် ရေဘုံပိုင်အောက်မှာ ၂ မိနစ်လောက် ရေဖွင့်ပြီး ဇကာကို ရေစစ်အောင် အထက်အောက် လှုပ်ပေးပါ။ ပဲများကို အထက်အောက်လှန်သည့်အခါ လက်နှင့်ပဲများကို ကိုင်စရာမလိုပါ။စားတော်ပဲဇကာကိုသာ အသာလှုပ်ပေးပြီး အထက်အောက်လှန်ပေးပါ။အဲဒီလို နှစ်ရက်လောက်လုပ်ပေးသည့် အခါတွင် ပဲအညောင့် လေးများစပြီးထွက်လာပါလိမ့်မည်။ ပဲအညောင့်များထွက်နေစဉ် အတွင်းတွင်လည်း စားတော်ပဲဇကာကို ယခင်ရက်က တနေ့ကို သုံးကြိမ် (သို့) လေးကြိမ်လောက် ရေဘုံပိုင်အောက်မှာ ၂ မိနစ်လောက် ရေဖွင့်ပြီး ရေစစ်တဲ့နည်းကိုလဲ ဆက်လက်ပြီးလုပ်ပေးနေပါ။ ပဲအညောင့် လေးများပိုပြီး ရှည်ရှည်ထွက်လာပြီး ကိုလိုချင်တဲ့ အရှည်လောက် ဖြစ်လာပြီဆိုလျှင် ပဲစပြုတ်ဖို့ အသင့်ဖြစ်ပါပြီ။  ပဲပြုတ်ရန်အတွက် စားတော်ပဲများကို အိုးကြီးတစ်ခုထဲသို့ ပဲကိုထည့်၍ ရေကို ပဲမြုတ်ရုံသာထည့်ပေးပါ။ ပြီးလျှင် ဆားဆိုဒါကို ပဲအနည်းအများပေါ် မူတည်၍ မှန်းဆပြီးထည့်ပေးပါ။ အချို အရသာကြိုက်လျှင် ရေစိမ်ထားသော ထန်းညက်ခဲအရည်အနည်းငယ်ကို ထည့်ပေးပါ။   ထို့နောက် ပြုတ်မည့်အိုးထက် သေးသည့် အိုးဖုံးအသေးကို ဖုံးပေးပါ။ အဲဒီ အိုးအဖုံးက အိုးထဲသို့ ဝင်သွားပြီး ပဲများကို ဖုံးအုပ်လိုက်တဲ့ အခါမှာ ပဲများနှင့် အိုးအဖုံးက ကျပ်ကျပ်လေးနှင့် ကွပ်တိဖြစ်နေရမည်။ အိုးအဖုံးပေါ်မှာ လေးတဲ့အရာတခုခု (သို့) ငရုတ်ဆုံကို မှောက်ပြီးဖိထားပေးပါ။ အဲဒီလို ဖိထားတဲ့အတွက် ပဲအခွံများ လုံးဝကျွတ်မထွက်ပဲ ပဲအသားများအိပြီး ပဲလုံးများလဲလှကာ အရသာလဲ ပိုကောင်းပါတယ်။   မီးအေးအေးမျှင်မျှင်လေးဖြင့် ၂ နာရီ (သို့) ၂ နာရီ ခွဲ လောက်ကြာအောင်တည်ထားရပါတယ်။ ပဲပြုတ်ရလောက်ပြီဆိုလျှင် အိုးအဖုံးပတ်ပတ်လည်တွင် ဖျစ်ဖျစ်မြည်နေသော အသံများရပ်သွားပြီး ပဲပြုတ်အနံ့မွှေးမွှေးလေးထွက်လာပါလိမ့်မည်။ ပြီးလျှင် အိုးအဖုံးကိုဖွင့်ကာ ပဲနပ် မနပ် မြည်းကြည့်ကာ ပဲအားလုံးနပ်ပြီး ရေခမ်းသွားပြီ ဆိုလျှင် ကြိုက်နှစ်သက်သလို စားသုံးဖို့ စားတော် ပဲပြုတ် ပူပူလေး သုံးဆောင်လို့ ရပါပြီ။

No comments:

Post a Comment