Wednesday, October 30, 2013

Angular stomatitis ကျီးကန်းပါးစပ်နာ

Angular stomatitis ကျီးကန်းပါးစပ်နာ


Feb 24, 2011 at 7:31 AM
ကျနော့်မှာ မကြာခဏ (၂)လတကြိမ်နီးပါး အရပ်ခေါ် ကျီးပါးစပ်နာ ပေါက်တတ်ပါတယ်။ အောက်နုတ်ခမ်းနဲ့ လျှာဖျားမှာ အဖြစ်များပါတယ်။ အဲသလိုမဖြစ်အောင် ဘယ်လိုကာကွယ်ရမယ်၊ ဘာဆေး သောက်ရမယ်ဆိုတာ -

ကျီးကန်းပါးစပ်နာကို Angular stomatitis (Cheilosis or Angular cheilitis) လို့ ခေါ်တယ်။ ပါးစပ်-ဒေါင့်စွန်း နှစ်ဖက်လုံးမှာ ဖြစ်တာများတယ်။ ကွဲကြောင်းလေးတွေ ဖျာထွက်လာမယ်။ သွေးထွက်တတ်တယ်။ အနာအထိ ဖြစ်နိုင်တယ်။ အနာကနေ မှိုပိုးဝင်လာရင် Candida albicans (Thrush) ဖြစ်မယ်။ ဗက်တီးရီးယားလဲ ဝင်နိုင်တယ်။

Vitamin B2 ဗီတာမင် ဘီ ၂ နည်းရာကနေစတယ်။ သံဓါတ်နည်း-သွေးအားနည်း ရောဂါနဲ့လဲ ဆက်နေတတ်တယ်။ သွပ်ဓါတ် နည်းတာကိုလဲ ထည့်စဉ်းစားရတယ်။ ကလေးတွေမှာ ဖြစ်ရင် Anorexia nervosa အာဟာရချို့တဲ့တာနဲ့ ဆက်စပ်နေမယ်။ ဟိုဟာ ဒီဟာတွေနဲ့ ရောနေတာကို ဆေးစာမှာ Plummer-Vinson syndrome (Paterson-Brown-Kelly syndrome) လို့ နာမယ်အရှည်ကြီး ပေးထားတယ်။ အသက်ကြီးသူတွေ မှာလဲ ဖြစ်တာဘဲ။ သွားတွေ မရှိတော့ ပါးစပ်က ပုံပြောင်းလာတယ် မဟုတ်လား။ ဆောင်းရာသီမှာ အဖြစ်များတယ်။

အစာအာဟာရ နည်းသူတွေမှာ အခုလို ကျီးကန်းပါးစပ်နာက မျက်စိနဲ့ မြင်နိုင်တယ်။ ဖြစ်တဲ့သူမှာ မျက်စိနဲ့ မမြင်နိုင်တာတွေလဲ ရှိနိုင်တယ်လို့ ပုလိပ်မျက်စိနဲ့ ကြည့်ရသေးတယ်။ ဘီ ၂ နည်းနေရင်၊ ဘီ ၁၊ ၃၊ ၆၊ ၁၂ လဲ နည်းနေလေမလား။ (စီ) တို့ (အေ) တို့ကော မနည်းပေဘူးလား။ သွားတိုက်ဆေးနဲ့ မတည့်တာလဲ မမေ့ရဘူး။

ကုတဲ့အခါ ဘာလို့ဖြစ်သလဲသိမှ တိကျတယ်။ အရေးအကြီးဆုံးက ဗီတာမင် ဘီ (၂)၊ ဆေးသောက်ပါ။ ကြွယ်ဝစာစားပါ။ Vitamin B 2, Riboflavin နို့နှင့် နို့ထွက်အစာများ၊ ဥ၊ အသဲ၊ အသီးအရွက်၊ ဆန်၊ ဂျုံ၊ ရိစ်။ တပါတည်း Vitamin C ရအောင် စိမ်းတဲ့ အသီးအရွက်-အသီးအနှံတွေလဲ စားပါ။

အနာလိုဖြစ်ရင်
• Topical antibiotic ပိုးသေဆေးတခုခု လိမ်းနိုင်တယ်။ အနာလိမ်းဆေးတိုင်းတော့ မသုံးပါနဲ့။ မျက်စဉ်းကို ထည့်ရင် ပါးစပ်ထဲဝင်လဲ ကိစ္စမရှိဘူး။ ဥပမာ Chloramphenicol ointment, Tetracycline ointment လိမ်းပါ။
• မှိုကြောင့်ဖြစ်ရင် Antifungal creams မှိုအတွက်လိမ်းဆေး Nystatin, Imidazoles, Bifonazole, Clotrimazole, Econazole, Ketoconazole, Nizoral®, Miconazole, Tioconazole တခုခုသုံးနိုင်တယ်။
• Antifungal drug မှိုအတွက်စားဆေး Imidazoles, Allylamines
• နောက်ပြီး စတီရွိုက်နဲ့ ရောထားတဲ့ဆေး Clotrimazole and Betamethasone, Nystatin and Triamcinolone Acetonide သုံးနိုင်တယ်။ ကော်တီဇုန်းဆေး
• စတီရွိုက်ဆေး 1% hydro cortisone လဲလိမ်းနိုင်တယ်။ ရေယုံဆိုရင် မသုံးပါနဲ့။

ဖြစ်တတ်သူတွေ Vitamin B Complex ဗီတာမင် ဘီ အုပ်စုဆေး ကြာကြာသောက်သင့်တယ်။ Malabsorption syndrome အစာစုပ်အား မကောင်းတဲ့ရောဂါနဲ့ တွဲနေသူကို B complex, B-12 ထိုးပေးရမယ်။

“Fissured tongue and Aphthous ulcer လျှာနာ အာနာ” ရေးထားကိုလဲ တွဲပါရစေ။

“လျှာကွဲတာ” နဲ့ “ပါးစပ်နာ” တွဲရေးပါရစေ။ Fissured or cracked tongue လျှာကွဲတာကို ပထဝီ-မြေပုံနဲ့ တူတယ်လို့ နှိုင်းကြတယ်။ ဒီလိုပြောတာ တော်သေးတယ်။ ယောက်ျား ကပ်ပဲ့အိတ်နဲ့ တူတယ်လို့ ပြောတာက သိပ်မမိုက်ဘူး။

Tongue cracks ဖြစ်တာက မွေးရာပါ ဖြစ်တတ်တယ်။ ငယ်ကတည်းကနေ စတယ်။ ကြီးလာလေ သိသာလေ။ Down syndrome ဆိုတဲ့ မွေးရာပါ ဦးနှောက် အားနည်းရောဂါရှိသူ ၁ဝ ယောက်မှာ ၈ ယောက်က ဒီလို လာဖြစ်တယ်။ ဒီအချက်က လွဲရင် အပူ-အစပ်စားတာ၊ ဆေးလိပ်၊ အရက်၊ စတာတွေ လွှဲချရတယ်။ ပါးစပ် အနံ့ပျယ်ဆေး အပြင်းသုံးတာ၊ သွားတိုက်ဆေး အပြင်းတွေကိုလဲ လက်ညှိုးထိုး မလွတ်ဘူး။ Malabsorption of Vitamin B ဗီတာမင် ဘီ ကို စုပ်မယူနိုင်တာ၊ အူမကြီး မကောင်းတာတွေကိုလဲ ထည့်စဉ်းစားရတယ်။

စိတ်ဖိအား များနေချိန်တွေမှာ အိပ်နေရင်း လျှာကိုက်မိတတ်တယ်။ စားတဲ့ အစာနဲ့ မတည့်တာ၊ အစာအိမ်-အက်စစ်ဓါတ်က အထက် တက်လာတာ၊ တချို့မှာ ဆီးချိုနဲ့ တွဲနေတတ်တယ်။ မှိုရောဂါကြောင့်လဲ ဖြစ်တတ်တယ်။ သွေးအားနည်းရောဂါ၊ ဗီတာမင်နဲ့ ဓါတ်ဆား နည်းတာတွေ ပါတယ်။ ဘာ့ကြောင့်ဆိုတာ သိဘို့ ခက်တတ်တယ်။ ဘာ့ကြောင့်ဖြစ်ဖြစ် ကင်ဆာ မဟုတ်ပါ။

တရုပ် တိုင်းရင်းဆေးနည်း အလိုအရ ဘေလုံးနဲ့ အစာအိမ် မျှခြေပျက်တာတဲ့။ တရုပ် အပ်စိုက် ဆရာတွေက အပူကဲတာနဲ့ (ယင်) အားနည်းတာလို့ ဆိုတယ်။ လျှာဘေးတွေကဖြစ်ရင် အသဲ၊ လျှာဖျားဖြစ်ရင် နှလုံး၊ လျှာလည်မှာဖြစ်ရင် ဘေလုံး၊ လျှာနောက်က ဖြစ်ရင် ကျောက်ကပ်လို့ သတ်မှတ်တယ်။

ဖြစ်စေတာက မသေခြာတော့ ကုရတာလဲ ခက်တယ်။ နောက်ဆက်တွဲ အခက်အခဲတွေ ဝင်လာနိုင်တယ်။ အစားအစာတွေ ညပ်နေတတ်တယ်။ မှိုရောဂါဝင်လာရင် Antifungal ဆေးပေးရမယ်။ Paracetamol တို့ Ibuprofen တို့လို အနာသက်သာဆေး၊ Vitamin B Complex ဗီတာမင်ဘီအုပ်စုဆေး၊ ဗက်တီးရီးယားပိုး ဝင်ရင် ပဋိဇီဝဆေး ပေးမယ်။ ဟင်းသီးဟင်းရွက် စိုစိုစိမ်းစိမ်း စားရပါမယ်။

No comments:

Post a Comment