Wednesday, October 30, 2013

Hepatitis C Treatment and Management အသဲရောင် (စီ) ဘယ်လိုကုသလဲ

Hepatitis C Treatment and Management အသဲရောင် (စီ) ဘယ်လိုကုသလဲ


အသားဝါ စီပိုး Type 1a အတွက်ဆေးထိုးကုသမယ်ဆိုရင် တစ်ပတ်တစ်လုံးထိုးရတဲ့ဆေး အလုံးဘယ်လောက် ထိုးရမလဲ သိချင်လို့ပါခင်ဗျာ။

လိင်ကတဆင့်ကူးတဲ့ HIV ပါရှိနေသူဆိုရင် Acute infection စောစောပိုင်းကတည်းက ကုရင်ကောင်းတယ်။ Mild liver disease အသဲရောဂါ နည်းနည်းလေးသာရှိနေသူတွေ ဆေးမလိုသေးပါ။ Moderate liver damage အသဲရောဂါ အသင့်အတင့်ဆိုးလာသူတွေက Cirrhosis အသဲခြောက်တာ ဆက်ဖြစ်စရာများလို့ ဆေးကုသရမယ်။ ဆေးရဲ့ဘေးထွက်-ဆိုးကျိုးနဲ့ ရမဲ့အကျိုး ချိန်ဆရမယ်။ စောင့်ကြည့်နေရမယ်။ Decompensated cirrhosis အသဲခြောက်နေပြီဆိုရင် Liver transplant အသဲအစားထိုးတာတခုဘဲ လုပ်နိုင်တယ်။

Pegylated interferon (PEG interferon) နဲ့ ribavirin (RBV) ဆေး ၂ မျိုးကိုသုံးတယ်။ PEG interferon က ၂ မျိုး ရှိတယ်။ (၁) alpha-2a (Pegasys) နဲ့ (၂) alpha-2b (PegIntron or ViraferonPeg) ထိုးဆေးတွေဖြစ်တယ်။ Ribavirin (Copegus, Rebetrol and Ribasphere) ဆေးက HIV ရှိနေသူတွေအတွက် အသုံးမကျဘူး။ သူတမျိုးထဲမရလူး PEG interferon နဲ့တွဲပေးရတယ်။ စားဆေးဖြစ်တယ်။ တနေ့ ၂ ကြိမ်ပေးရတယ်။

HIV-positive ဆိုရင် ဘယ် genotypes ဖြစ်ဖြစ် တနှစ်ကြာပေးတယ်။ Genotypes 2 နဲ့ 3 ကို အချိန်တိုပြီး၊ 1 နဲ့ 4 တွေကို တနှစ်မက ပေးတာလဲရှိတယ်။ ဆေးကုသရခြင်းရဲ့ရည်ရွယ်ချက်က ပိုးတွေကိုရှင်းချင်လို့ဖြစ်တယ်။ ဆေးပေးပြီးနောက် ၆ လမှာ သွေးထဲမယ်ပိုးမရှိတော့ရင် Sustained virological response (SVR) ခေါ်တယ်။ ကောင်းတယ်။ ပိုးကင်းသွားပြီ။ Liver cirrhosis အသဲခြောက်တာ၊ Liver cancer အသဲကင်ဆာနဲ့ Liver failure အသဲအလုပ်မလုပ်နိုင်တော့တာတွေ ဖြစ်ဘို့အခွင့်အလမ်း အတော်ကြီးနည်းတယ်။ ပိုးနည်းနည်းလေးသာကျန်တော့တာလဲ ကောင်းတယ်။ တချို့မှာ ဆေးကုလို့ ထင်သလောက် မကောင်းတာလဲရှိတယ်။

HIV ရှိနေသူတွေကို ဘယ်လို CD4 count is 200 cells/mm3 ထက်နည်းလာရင် ဆေးပေးတယ်။ 200-350 cells/mm3 ဆိုရင်ပေးတာလဲလုပ်တယ်။

No comments:

Post a Comment