Thursday, October 31, 2013

MyanmarFacebookDirectory.com

မြန်မာ FaceBook Page များကို လွယ်ကူစွာ ရှာဖွေနိုင် မည့် Website
MyanmarFacebookDirectory.com

http://MyanmarFacebookDirectory.com/ တွင် မြန်မာ FaceBook Page များ အားလုံး များ ကို ရှာဖွေရ လွယ်ကူအောင် အမျိုးအစားလိုက် စုစည်းထား ပြီး
ကဏ္ဏ အလိုက် ကြည့်ရှု နိုင် ကြပါပြီ

အနုပညာရှင်များ ၏ Page များ
ဟာသ နှင့် ဖျော်ဖြေရေး ဆိုင်ရာPage များ
Online Shopများ ၏ Page များ
အလှအပနှင့်ကျန်းမာရေး ဆိုင်ရာPage များ
စီးပွားရေးလုပ်ငန်းများ ၏ Page များ
ခရီးသွားလုပ်ငန်းများ ၏ Page များ
ဈေးရောင်းဈေးဝယ် ဆိုင်ရာPage များ
ဖက်ရှင်ဒီဇိုင်း ဆိုင်ရာPage များ
စသည့် Page များ ကို လွယ်ကူစွာ ရှာဖွေ ကြည့်ရှု နိုင် ကြပါပြီ

http://MyanmarFacebookDirectory.com/
မြန်မာ FaceBook Page များကို လွယ်ကူစွာ ရှာဖွေနိုင် မည့် Website MyanmarFacebookDirectory.com  http://MyanmarFacebookDirectory.com/ တွင် မြန်မာ FaceBook Page များ အားလုံး များ ကို ရှာဖွေရ လွယ်ကူအောင် အမျိုးအစားလိုက် စုစည်းထား ပြီး ကဏ္ဏ အလိုက် ကြည့်ရှု နိုင် ကြပါပြီ  အနုပညာရှင်များ ၏ Page များ ဟာသ နှင့် ဖျော်ဖြေရေး ဆိုင်ရာPage များ Online Shopများ ၏ Page များ အလှအပနှင့်ကျန်းမာရေး ဆိုင်ရာPage များ စီးပွားရေးလုပ်ငန်းများ ၏ Page များ ခရီးသွားလုပ်ငန်းများ ၏ Page များ ဈေးရောင်းဈေးဝယ် ဆိုင်ရာPage များ ဖက်ရှင်ဒီဇိုင်း ဆိုင်ရာPage များ စသည့် Page များ ကို လွယ်ကူစွာ ရှာဖွေ ကြည့်ရှု နိုင် ကြပါပြီ  http://MyanmarFacebookDirectory.com/
Guest. It's 01:31 PM - Myanmar time. Join or Sign In | Download Myanmar Font 
 
   BusinessEntertainmentHealthPhoto NewsScienceSportsWorld
အနာဂတ်အတွက် ရည်ရွယ် ဒီဇိုင်းဆွဲထားသည့် ရေအောက်ကျေးရွာ
လူ(၁၀၀)မျှ နေထိုင်နိုင်ရန် ရည်ရွယ် ဒီဇိုင်းဆွဲထားသည့် အဆိုပါ အဆောက်အအုံသည် လေ၊ အစားအသောက်နှင့် အခြားသော အရေးပါသည့် ပစ္စည်းကိရိယာများအတွက် ပြင်ပ ကမ္ဘာ၏ အကူအညီ အထောက်အပံ့ မလိုအပ်ဘဲ ရပ်တည်နိုင်အောင် ဖန်တီးထားမည် ဖြစ်သည်။
Posted on Oct 31 13 - 01:07 PM | Hits : 18
အနာဂတ်အတွက် ရည်ရွယ် ဒီဇိုင်းဆွဲထားသည့် ရေအောက်ကျေးရွာ
မနက် အိပ်ရာနိုး၍ မျက်လုံးဖွင့်ကြည့်လိုက်ပါက ဘေးဘက်ရှိ မှန်ချပ် အပြင်ဘက်တွင် ငါးများ ကူးခတ်သွားလာနေသော မြင်ကွင်းမျိုး ကြုံရမည်ဆိုလျှင် အံ့ဩထိတ်လန့်စရာ အခြေအနေဟု ယူဆရမည် ဖြစ်သည်။ သို့သော်လည်း လန်ဒန် အခြေစိုက် ဗိသုကာ ဒီဇိုင်းပညာရှင် ဖီးလ်ပေါ်လီသည် ယင်းအခြေအနေကို လက်တွေ့ အကောင်အထည်ဖော်ရန် မျှော်လင့်နေသူ ဖြစ်သည်။ ၎င်းသည် Sub-Biosphere 2 အမည်ရှိ ရေအောက် ရွာငယ် ဒီဇိုင်းတစ်ခုကို ပထမဆုံးအကြိမ် မိတ်ဆက်ပြသခဲ့သည်။ လူ(၁၀၀)မျှ နေထိုင်နိုင်ရန် ရည်ရွယ် ဒီဇိုင်းဆွဲထားသည့် အဆိုပါ အဆောက်အအုံသည် လေ၊ အစားအသောက်နှင့် အခြားသော အရေးပါသည့် ပစ္စည်းကိရိယာများအတွက် ပြင်ပ ကမ္ဘာ၏ အကူအညီ အထောက်အပံ့ မလိုအပ်ဘဲ ရပ်တည်နိုင်အောင် ဖန်တီးထားမည် ဖြစ်သည်။

ဖီးလ်သည် ဘဝတစ်လျှောက်လုံး ရေအောက်မြို့တော်တစ်ခု ဖန်တီးတည်ဆောက်ရန် ပြီးပြည့်စုံသော ဒီဇိုင်းမျိုးအတွက် စိတ်ကူးယဉ်ခဲ့သူ ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း(၂၀)အတွင်း ၎င်းအနေဖြင့် ရေဖိအားနှင့် အခြားသော တိုင်းတာမှု အများအပြားကို စနစ်တကျ လေ့လာ တွက်ချက်နေခဲ့သည်။ Sub-Bioshpere 2သည် Bio-Domeခေါ် မှန်သား စက်လုံး အဆောက်အအုံ (၈)ခုဖြင့် ချိတ်ဆက် ဖန်တီးထားပြီး စုစုပေါင်း (၁၁၀၅)ပေ အကျယ်ရှိသည်။ အဆိုပါ အဆောက်အအုံ ဒီဇိုင်းတွင် ပတ်ဝန်းကျင်သို့ လေ့လာကြည့်ရှုနိုင်မည့် နေရာများ၊ လူအများ နေထိုင်နိုင်မည့် နေရာများကို ထည့်သွင်း တည်ဆောက်ပေးထားသည်။ ထိုအဆောက်အအုံသည် ဒေါင်လိုက်ရှိနေသည့် ဝင်ရိုးအတိုင်း ရေပေါ်နှင့် ရေအောက် လွန်းထိုး သွားလာနိုင်ရန်လည်း ရည်ရွယ်ထားသည်။

နေစရာ သတ်မှတ်ဇုန် တစ်ခုချင်းစီတွင် သီးခြား Eco Systemများ ဖွဲ့စည်းထားပြီး လေနှင့် စားနပ်ရိက္ခာတို့အတွက် ပြင်ပကမ္ဘာမှ အထောက်အပံ့ မရှိဘဲ ရှင်သန်နိုင်မည် ဖြစ်သည်။ "ကျွန်တော့် အနေနဲ့ မဖြစ်နိုင်သေးတဲ့ အချိန်မှာ လက်တွေ့ အကောင်အထည် ဖော်တာမျိုး အရူးဆန်ဆန် ဝါဒကို မကျင့်သုံးချင်ဘူး။ ဖြစ်လာနိုင်တဲ့ အချိန်ကို စောင့်ချင်တယ်။ လူတိုင်းမှာ ကိုယ့်စိတ်ကူးနဲ့ကိုယ် ရှိကြတာပဲလေ။ အချိန်တန်လာပြီဆိုရင် ကျွန်တော့် ဒီဇိုင်းနဲ့ ကျွန်တော် ရှိနေပြီဆိုတာ ပြောချင်ရုံပါ"ဟု မိမိကိုယ်ကိုယ် အနာဂတ် ဒီဇိုင်းပညာရှင် တစ်ဦးအဖြစ် ခံယူထားသည့် ဖီးလ်က ပြောကြားခဲ့သည်။

ဖီးလ်သည် စာရေးဆရာ တစ်ဦးလည်းဖြစ်ပြီး ၎င်းရေးသားထားသည့် အနာဂတ် စိတ်ကူးယဉ် သိပ္ပံဇာတ်လမ်း The Moral Orderအတွက် ထုတ်ဝေသူတစ်ဦး ရှာဖွေလျှက် ရှိသည်။ ထိုစာအုပ် အတွင်းတွင်လည်း ရေအောက်မြို့တော် တစ်ခုအကြောင်း ထည့်သွင်းရေးသားထားပြီး ဖီးလ်အနေဖြင့် ၎င်းအသက်ရှင်နေဆဲ ကာလအတွင်း ကိုယ်တိုင်ဖန်တီးထားသည့် ဒီဇိုင်းကို လက်တွေ့တည်ဆောက်နိုင်ရန် မျှော်လင့်ထားဆဲဟု သိရှိရသည်။
o News o Horoscopes o pCardso Profileo Models
o Beauty & Fashiono Dictionary
o International Starso Movie Review
o Suggestiono Contacto Advertising Info

Powered by Information Matrix.
Planet Myanmar Network.
All rights reserved.

No comments:

Post a Comment