Wednesday, October 30, 2013

ဇာတ်ပေါင်းခန်းလေး ကျန်သေးတယ်

ဇာတ်ပေါင်းခန်းလေး ကျန်သေးတယ်"

Thanlay Ko added a photo from October 21, 2013 to his timeline.

ဇနီးဖြစ်သူ ဂျေလို (J Lo) တယောက်၊ ဈေးကြီးပေးရတဲ့ အလှကုန်ပစ္စည်းတွေ ဝယ်လာလို့ ကျနော့်မှာ စိတ်အတော်ပျက်ရတယ်။ ဈေးကြီးပေးပြီး ဝယ်တာလည်း မပြောနဲ့၊ အဲဒီအလှကုန်ရဲ့ ကြော်ငြာစာသားကလည်း ဆွဲဆောင်မှုရှိတာကိုး 
ဘာတဲ့... ..."မိန်းကလေး... သင့် အသက်ကို ၅ နှစ်လောက်ငယ်စေချင်သလား၊ ကျွန်ုပ်တို့ရဲ့ အလှကုန်များကို သုံးပါ"... တဲ့လေ။

တရက်...
အပြင်သွားကြဖို့ရှိလာတော့ သူအလှပြင်တာကို စောင့်လိုက်ရတာဗျာ မပြီးနိုင်မစီးနိုင်ပဲ
အဲဒီ ဈေးကြီးတဲ့ အလှကုန်တွေနဲ့ ပြင်ဆင်နေတာလေ
စိတ်ပျက်လက်ပျက်နဲ့ ထိုင်စောင့်နေတုန်း ခဏနေတော့ သူထွက်လာပြီး မေးတယ်... ...

"ဟေး... ဂျေကို၊ ကျမ ခုလိုပြင်လိုက်ဆင်လိုက်တော့ ကျမအသက်ကို ဘယ်လောက်လို ထင်သွားရလဲ၊ အမှန်အတိုင်းပြောနော်"

သူ့ကို ခြေဆုံးခေါင်းဆုံး သေချာကြည့်ပြီး ကျနော်က ပြန်ပြောလိုက်တယ်... ...

"အင်း... အသားအရေကို ကြည့်ရင် ၂ဝ၊ မျက်နှာနဲ့ ဆံပင်လေးကို ကြည့်ရင် ၁၈၊ ကိုယ်လုံးလေးကို ကြည့်ရင် ၂၅ ပေါ့"

သူ သဘောကျသွားရှာတယ်... ...

"အဟင်း ဟင်း... ဂျေ့ကိုကိုကတော့လေ၊ အရမ်း မြှောက်ပြောတတ်တာပဲ အဟင့်"

ဒီတော့မှ ကျနော့်လည်း ကမန်းကတန်းဆက်ပြောရတယ်... ...

"ခဏလေး...၊ အကုန်လုံး မပေါင်းရသေးဘူး"

"တေနာဂျကြီး"


J Lo ရဲ့ကိုကို-သန်ဂျေ့ကို

No comments:

Post a Comment