Wednesday, October 30, 2013

ချောင်းသာ ၌ မြန်မာ့ အကြီးဆုံး နဂါးရုံ ဘုရား တည်ဆောက်

ချောင်းသာ ၌ မြန်မာ့ အကြီးဆုံး နဂါးရုံ ဘုရား တည်ဆောက်
ချောင်းသာ - ငွေသောင်ယံ လမ်းပေါ် ရှိ အမှတ် ၆ ရပ်ကွက် တွင် မြန်မာ နိုင်ငံ ၏ အကြီးဆုံး ဒီပါ အေးမြ မဟာ နဂါးရုံ ဘုရားကို တည်ဆောက် လျက် ရှိရာ ယခု အခါ ၈၀ ရာခိုင်နှုန်း ခန့် အထိ ပြီးစီး နေပြီ ဖြစ်ကြောင်း နဂါးရုံ ဘုရား တည်ဆောက်ရေး အဖွဲ့မှ တာဝန်ရှိ သူ အချို့က People Power သတင်းစာ သို့ ပြောကြား သည်။
ယင်း နဂါးရုံ ဘုရားကြီး ကို စတင် တည်ဆောက် စဉ်က နဂါးရုပ တစ်ရုပ် တည်းဖြင့် တည်ဆောက် ထားသော် လည်း
နောက်ပိုင်း တွင် နဂါး ခုနှစ် ကောင် ကို ထည့်သွင်း တည် ဆောက် ထားပြီး ဥာဏ်တော် ၆၃ ပေ အမြင့် ရှိကြောင်း ယင်း ဘုရား ကိုတာဝန်ယူ တည်ဆောက် သည့် ပန်းရံ ဆရာ ဦးအာနိုး က ပြောကြား သည်။ “ဒီဘုရား ကြီး ပြီးသွား ရင် မြန်မနိုင်ငံ မှာရှိတဲ့ နဂါးရုံ တွေ ထဲမှာ အကြီးဆုံး ဖြစ်လာမယ်” ဟု ၎င်းက ပြောကြားသည်။

ဘုရားကြီး ပြီးစီးသွား ပါက ချောင်းသာ ကမ်းခြေ သည် အပန်းဖြေ စရာနေရာ သာမက ဘုရားဖူး များပါ စည်ကား လာနိုင် ကြောင်း ချောင်းသာ ရွာတွင် ဆိုင်ကယ် ကယ်ရီ သမား ဦးအောင်လေး က ဆို သည်။ အဆိုပါ နဂါးရုံ ဘုရားကြီး ကို ၂၀၀၇ ခုနှစ် တွင် စတင် တည်ထား ကိုးကွယ် ခဲ့ပြီး ပထမ တည်ထားစဉ် က နဂါးမှာ ကျိုးကျ သွားသဖြင့် ၂၀၁၂ ခုနှစ် တွင် ကတည်း က ပြုပြင် တည်ဆောက် နေခြင်း ဖြစ်ကြောင်း ဘုရား ဂေါပက ထံမှ သိရှိ ရသည်။
People power
ချောင်းသာ ၌ မြန်မာ့ အကြီးဆုံး နဂါးရုံ ဘုရား တည်ဆောက်  ချောင်းသာ - ငွေသောင်ယံ လမ်းပေါ် ရှိ အမှတ် ၆ ရပ်ကွက် တွင် မြန်မာ နိုင်ငံ ၏ အကြီးဆုံး ဒီပါ အေးမြ မဟာ နဂါးရုံ ဘုရားကို တည်ဆောက် လျက် ရှိရာ ယခု အခါ ၈၀ ရာခိုင်နှုန်း ခန့် အထိ ပြီးစီး နေပြီ ဖြစ်ကြောင်း နဂါးရုံ ဘုရား တည်ဆောက်ရေး အဖွဲ့မှ တာဝန်ရှိ သူ အချို့က People Power သတင်းစာ သို့ ပြောကြား သည်။  ယင်း နဂါးရုံ ဘုရားကြီး ကို စတင် တည်ဆောက် စဉ်က နဂါးရုပ တစ်ရုပ် တည်းဖြင့် တည်ဆောက် ထားသော် လည်း နောက်ပိုင်း တွင် နဂါး ခုနှစ် ကောင် ကို ထည့်သွင်း တည် ဆောက် ထားပြီး ဥာဏ်တော် ၆၃ ပေ အမြင့် ရှိကြောင်း ယင်း ဘုရား ကိုတာဝန်ယူ တည်ဆောက် သည့် ပန်းရံ ဆရာ ဦးအာနိုး က ပြောကြား သည်။ “ဒီဘုရား ကြီး ပြီးသွား ရင် မြန်မနိုင်ငံ မှာရှိတဲ့ နဂါးရုံ တွေ ထဲမှာ အကြီးဆုံး ဖြစ်လာမယ်” ဟု ၎င်းက ပြောကြားသည်။  ဘုရားကြီး ပြီးစီးသွား ပါက ချောင်းသာ ကမ်းခြေ သည် အပန်းဖြေ စရာနေရာ သာမက ဘုရားဖူး များပါ စည်ကား လာနိုင် ကြောင်း ချောင်းသာ ရွာတွင် ဆိုင်ကယ် ကယ်ရီ သမား ဦးအောင်လေး က ဆို သည်။ အဆိုပါ နဂါးရုံ ဘုရားကြီး ကို ၂၀၀၇ ခုနှစ် တွင် စတင် တည်ထား ကိုးကွယ် ခဲ့ပြီး ပထမ တည်ထားစဉ် က နဂါးမှာ ကျိုးကျ သွားသဖြင့် ၂၀၁၂ ခုနှစ် တွင် ကတည်း က ပြုပြင် တည်ဆောက် နေခြင်း ဖြစ်ကြောင်း ဘုရား ဂေါပက ထံမှ သိရှိ ရသည်။  People power

No comments:

Post a Comment