Saturday, November 16, 2013

တပ်မ​တော်​သို့ မိမိ ဆန္ဒ​အတိုင်း ဝင်​လို​ကြ​သည့် အမျိုးသမီး ဗိုလ်​လောင်း​များ​၏ အဖြစ်အပျက်​အချို့

တပ်မ​တော်​သို့ မိမိ ဆန္ဒ​အတိုင်း ဝင်​လို​ကြ​သည့် အမျိုးသမီး ဗိုလ်​လောင်း​များ​၏ အဖြစ်အပျက်​အချို့



Saturday, November 9, 2013

မြန် ​မာ့​တပ်မ​တော်​တွင် ဘွဲ့​ရ အမျိုးသမီး ဗိုလ်​လောင်း​များ​အဖြစ် တာဝန်​ထမ်း​ဆောင်​ရန် ရန်ကုန်တိုင်း တစ်​တိုင်း​တည်း​မှ လျှောက်ထား သူ​ဦးရေ သုံး ​ထောင်​ခန့် ရှိ​သည်​အထိ လျှောက်ထား​သူ များပြား​လျက်​ရှိ​ပြီး ကြိုတင် မ​ကြေညာ​သော ကန့်သတ်​ချက် အချို့​ကြောင့် လျှောက်ထား​ခွင့် မ​ရ​ခဲ့​သူ​များ ရှိ​နေ​သည်။

ဘွဲ့ ​ရ အမျိုးသမီး ဗိုလ်​လောင်း​များ​အား ​၁​၉​၆​၀ ခု​နှစ်​တွင် ခေါ်​ယူခဲ့​သော် လည်း နှစ်​ပေါင်း​၄​၀ ကျော် ကြာမြင့်​သည် အထိ ရပ်ဆိုင်း​ခဲ့​ပြီး နောက်​ပိုင်း ပထမ​ဦး​ဆုံး​ကြိမ် အဖြစ် ​၂​၀​၁​၃ ခု​နှစ် အောက်တိုဘာ ​၁​၆ ရက်​မှ စတင်​ကာ နီးစပ်​ရာ တိုင်း​စစ်​ဌာန​ချုပ်​များ​တွင် လျှောက်လွှာ​များ ထုတ်ယူ​ကာ လာ​ရောက် လျှောက်ထား နိုင်​ကြော​င်း နိုင်ငံ​ပိုင် သတင်းစာ​များ​တွင် ဖော်​ပြ ပါရှိ​ခဲ့​သည်။

ဗိုလ် ​လောင်း လျှောက်ထား​သူ​များ​၏ အရည်အချင်း သတ်​မှတ်ချက်​များ​အား နိုင်ငံ​ပိုင် သတင်းစာ​တွင် ဖော်​ပြ​ထား​ပြီး ဖော်​ပြ​ချက်​တွင် မ​ပါရှိ​သော်လည်း လာ​ရောက် လျှောက်ထား သူ​များ​သည် မြို့​နယ် အဆင့်​ထက် မ​နိမ့်​သော အာဏာပိုင် အဖွဲ့​အစည်း တစ်​ခု​ခု​မှ ထောက်ခံ​ချက် လက်မှတ် ပါရှိ​ရ​မည်​ဖြစ် ကြော​င်း နိုဝင်ဘာ ​၅ ရက်​တွင် ရန်ကုန် တိုင်း​စစ်​ဌာန​ချုပ် လျှောက်လွှာ လက်ခံ​သူ တာဝန်​ခံ​ဗိုလ်​ကြီး မြတ်​ကျော်​က မြန်မာ သံတော်ဆင့်​သို့ ပြော​သည်။ …

ထို ​ကဲ့သို့ ကြိုတင် မ​ကြေညာ​ထား​သော ကန့်သတ်​ချက်​များ​ကြောင့် လျှောက်ထား​ခွင့် မ​ရ​ရှိ​ခဲ့​သည့် မ​သူ​သူ​အောင်​က ““ညီမ​တို့​က နှစ်​ယောက် သွား​လျှောက်​တာ။ ညီမ​က ဘွဲ့​ရ​ရှိ​ကြော​င်း ထောက်ခံ​စာ (ယာယီ​ဘွဲ့​လက်မှတ်)ပဲ ပါ​လို့​တဲ့။ နောက်​တစ်​ယောက်​က အဝေး​သင် ဘွဲ့​ရထား​ဆို​တော့ M.Sc သမား တွေ များ​နေ​လို့ အဝေး​သင်​သမား​တွေ ခဏ​ရပ်​ထား​တယ်​လို့ ပြော​တယ်””ဟု ပြော​သည်။

သာမန် ဘွဲ့​ရ​သူ​များ​အား ဗိုလ်​လောင်း​သင်​တန်း တက်​ရောက် အောင်မြင်​ပြီး​ပါ​က ဒုတိယ​ဗိုလ်​အဆင့်​ဖြင့် စတင် ခန့်​အပ်​ခြင်း ခံ​ရ​မည်​ဖြစ်​ပြီး မဟာ​ဘွဲ့​ရ​သူ​နှင့် ပါ​ရ​ဂူ​ဘွဲ့​ရ​သူ​များ​အား ဗိုလ်​အဆင့်​ဖြင့် စတင်​ခန့်​အပ် သွား​မည်​ဖြစ်​သည်။

အ ​ဆို​ပါ ဘွဲ့​ရ အမျိုးသမီး ဗိုလ်​လောင်း လျှောက်​ရ​ခြင်း ရည်​ရွယ်​ချက်​နှင့် စပ်လျဉ်း​၍ ““အပြင်​မှာ အလုပ် တွေ ရ​ပေ​မယ့် ဘွဲ့​နဲ့​မကို​က်​ဘူး​လေ။ ဗိုလ်​အနေ​နဲ့​ကျ​တော့ တပ်​ထဲ​မှာ​က ဘ၀ အာမခံ​ချက်​ရှိ​တယ်​လေ။ ကိုယ့် မိသား​စု​ထဲ​က​လည်း ဗိုလ်​ကြီး၊ ဗိုလ်​မှူး​တွေ၊ တပ်​ထဲ​က​ပဲ ဆို​တော့ ဝင်​ဖြစ်​သွား​တာ”” ဟု လျှောက်ထား​သူ တစ်​ဦး​က ပြော သည်။

ဘွဲ့ ​ရ အမျိုးသမီး ဗိုလ်​လောင်း လျှောက်ထား​သူ ဦးရေ မည်​မျှ ရှိ​သည်​ကို နေပြည်တော် တိုင်း​စစ်​ရေး​ဌာန​သို့ ဆက်​သွယ်​မေးမြန်း​ရာ ဖုန်း​လက်ခံ ဖြေ​ဆို​သူ​က ဖြေ​ကြား​ခွင့် မ​ရှိ​ကြော​င်း ပြော​ကြား​ခဲ့​သည်။

ယခုကဲ့သို့ ဘွဲ့​ရ အမျိုးသမီး ဗိုလ်​လောင်း​များ ပြန်လည် ခေါ်​ယူ​ခြင်း​နှင့် ပတ်သက်​၍ ဗိုလ်​အဆင့်​ဖြင့် အငြိမ်းစား ယူခဲ့​သူ ဒေါ်​ခင်​တိုး​မြင့်​က ““အန်​တီ​တို့​က အမျိုးသမီး​တွေ​လည်း အမျိုးသား​တွေ​နဲ့ တန်းတူ ရင်​ဘောင် တန်း​နိုင်​ရ​မယ်​ဆို​ပြီး တပ်​ထဲ​ဝင်​ကြ​တာ​လေ။ အန်​တီ​တို့​တုန်း​ကတော့ တာဝန်​ထမ်း​ဆောင်​ချိန် က​စ​ပြီး ​၃ နှစ် မ​ပြည့်​ခင် အိမ်ထောင်​ပြု​ရင် တပ်​က ထွက်​ရ​တယ်။ အခု​တော့ မ​သိ​ဘူး။ စ​လျှောက်​ရင် အရည်အချင်း စစ်​တယ်။ နှုတ်​ဖြေ ဖြေ​ရ​တယ်။ အခက်​အခဲ ကျော်​လွှား​နည်း​တို့ ဘာ​တို့​ပေါ့ ဖြေ​ရ​တယ်။ အဲ​ဒီ​က အ​ရွေး​ခံ​ရ​ပြီး မင်္ဂလာဒုံ​မှာ သင်​တန်း​တက်​ရ​တယ်။ လက်တွေ့ ဆင်း​ရ​တယ်။ ​၅ နှစ်​ခွဲ လေ့ကျင့်​ရေး သင်​တန်း တက်​ပြီး ဗိုလ်​ဖြစ်​တယ်။ အခု​လို ပြန်​ခေါ်​တဲ့ အခါ​ကျ​တော့ ကောင်း​တာ​ပေါ့””ဟု ပြော​သည်။

နိုင်ငံ ​ပိုင် သတင်းစာ​များ​တွင် ဘွဲ့​ရ​အမျိုးသမီး ဗိုလ်​လောင်း လျှောက်ထား​သူ​များ​သည် တက္ကသိုလ် တစ်​ခု​ခု​မှ ဘွဲ့​ရ​ပြီး​သူ၊ အိမ်ထောင်​မ​ရှိ​သူ (အပျို) ဖြစ်​ရ​မည်​ဖြစ်​ပြီး အ​နိမ့်​ဆုံး အရပ် ​၅ ပေ ​၃ လက်မ​နှင့် ကိုယ် အလေး​ချိန်​ပေါင် ​၁​၀​၀ နှင့် ပေါင် ​၁​၃​၀ ကြား​ရှိ​သူ၊ မျက်မှန် တပ်​ဆင်​ထား​ခြင်း မ​ရှိ​သူ​ဟု​လည်းကောင်း၊ အသက် သတ်​မှတ်ချက်​နှင့် ပတ်သက်​၍ ​၂​၀​၁​၃ ခု​နှစ် ဒီဇင်ဘာ ​၃​၁ ရက်​အထိ အသက် ​၂​၅ နှစ်​ထက် မ​ကျော် လွန်​သူ ဟု​လည်းကောင်း၊ မဟာ​ဘွဲ့​ရထား​သူ​များ အနေ​ဖြင့် အသက် ​၂​၇ နှစ်​ထိ ဟု​လည်းကောင်း၊ ပါ​ရ​ဂူ​ဘွဲ့ ရထား​သူ​များ အနေ​ဖြင့် အသက် ​၃​၀ ထိ ဟူ၍​လည်းကောင်း စ​သည်​ဖြင့် အရည်အချင်း ကန့်သတ် ချက်​များ ပါရှိ​သည်။

ဘွဲ့ ​ရ အမျိုးသမီး ဗိုလ်​လောင်း လျှောက်လွှာ​များ​အား နိုဝင်ဘာ ​၁​၇ ရက် နောက်ဆုံး​ထား​၍ လျှောက်လွှာ တောင်းခံ ရ​ရှိ​သော တိုင်း​စစ်​ဌာန​ချုပ်​မှ​တစ်​ဆင့် စစ်​ရာထူး​ခန့်​ချုပ်​ရုံး ကာ​ကွယ်​ရေး ဦးစီး​ချုပ်​ရုံး (ကြည်း)သို့ ပေး​ပို့ ရ​မည်​ဖြစ်​ပြီး သတ်​မှတ်ချက် ပြည့်စုံ​ပြီး အရည်အချင်း ပြည့်​မီ​သော လျှောက်လွှာ​ရှင်​များ​သာ တပ်မ တော် ဗိုလ်​ရွေး​အဖွဲ့​တွင် ဝင်​ရောက် စစ်ဆေး​ခံ​ရ​မည်​ဖြစ်​၍ လျှောက်လွှာ​များ ရွေးချယ်​ခြင်း ခံ​ရ​ခြင်း ရှိ၊ မ​ရှိ​ကို လျှောက်လွှာ တင်​သွင်း​သည့် တိုင်း​စစ်​ဌာန​ချုပ်​တွင် သွား​ရောက် စုံစမ်း မေးမြန်း​နိုင်​သည်​ဟု ပါရှိ​သည်။
 Myanmartandawsint Newspaper

No comments:

Post a Comment