Sunday, October 20, 2013

၂၀၁၄ ကမ္ဘာ့ဖလားပွဲ အုပ်စု ၈ အုပ်စု ခွဲ

၂၀၁၄ ကမ္ဘာ့ဖလားပွဲ အုပ်စု ၈ အုပ်စု ခွဲဖို့အတွက် ပင်မအသင်း ၈ သင်း သတ်မှတ်ရာမှာ ရွေးချယ်မှု နည်းလမ်းသစ်တွေအရ အသင်းကြီးတွေဖြစ်တဲ့ အင်္ဂလန်၊ အီတလီနဲ့ ပြင်သစ်အသင်းတွေ မပါဝ


ရှေ့နှစ် ဘရာဇီးမှာ ကျင်းပမယ့် ၂၀၁၄ ကမ္ဘာ့ဖလားပွဲ အုပ်စု ၈ အုပ်စု ခွဲဖို့အတွက် ပင်မအသင်း ၈ သင်း သတ်မှတ်ရာမှာ ရွေးချယ်မှု နည်းလမ်းသစ်တွေအရ အသင်းကြီးတွေဖြစ်တဲ့ အင်္ဂလန်၊ အီတလီနဲ့ ပြင်သစ်အသင်းတွေ မပါဝင်ဘူးလို့ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် ဖီဖာက အတည်ပြု ပြောကြားခဲ့ပါတယ်။

လတ်တလော ခြေစွမ်းနဲ့ ရလဒ်တွေကို အကဲဖြတ်ပြီး သတ်မှတ်တဲ့ ဖီဖာရဲ့ အဆင့်သတ်မှတ်မှု နည်းလမ်းသစ်တွေအရ ကမ္ဘာ့ ထိပ်သီး ၇ သင်းထဲမှာ အင်္ဂလန်၊ အီတလီနဲ့ ပြင်သစ်အသင်းတွေ မပါဝင်တာ ဖြစ်ပါတယ်။

အဲဒီ ပင်မ အသင်း ၈ သင်းမှာ အိမ်ရှင် ဘရာဇီးက အလိုအလျောက် အုပ်စု(က)အတွက် ပင်မ အသင်း ဖြစ်မှာဖြစ်ပြီး ကျန်တဲ့ ထိပ်သီး ၇ သင်းလို့ သတ်မှတ်ခံရတဲ့ စပိန်၊ အာဂျင်တီးနား၊ ဂျာမဏီ၊ ဆွစ်ဇာလန်၊ ဘယ်လဂျီယံ၊ ကိုလံဘီယာနဲ့ ဥရုဂွေး သို့မဟုတ် နယ်သာလန်တို့က တစ်အုပ်စုစီမှာ ပင်မအသင်းတွေ ဖြစ်လာမှာဖြစ်ပါတယ်။

ဥရုဂွေးဟာ နောက်လမှာ ဂျော်ဒန်နဲ့ ပွဲပို ကစားရဦးမှာ ဖြစ်ပြီး အဲဒီမှာ ရှုံးခဲ့ရင်တော့ နယ်သာလန်က ဥရုဂွေးအစား အုပ်စုပင်မအသင်း ဖြစ်လာမှာပါ။

အုပ်စုတွင်း ကျန်အသင်းငေ်းတွေကိုတော့ ဇုန်ဒေသအလိုက် မဲနှိုက်ရွေးချယ်မှာ ဖြစ်ပါတယ်

လာမယ့်နှစ် ဘရာဇီးမှာ ကျင်းပမယ့် ၂၀၁၄ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ အတွက် နောက်ထပ် နိုင်ငံအသင်း ၇ သင်း ထပ်မံ ခြေစစ်ပွဲ အောင်ခဲ့ကြပြီ


လာမယ့်နှစ် ဘရာဇီးမှာ ကျင်းပမယ့် ၂၀၁၄ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ အတွက် နောက်ထပ် နိုင်ငံအသင်း ၇ သင်း ထပ်မံ ခြေစစ်ပွဲ အောင်ခဲ့ကြပြီ ဖြစ်ပါတယ်။

ဥရောပဇုန်မှာ အသင်းကြီးတွေဖြစ်တဲ့ လက်ရှိချန်ပီယံ စပိန်၊ အင်္ဂလန်၊ ရုရှားတို့ အပြင် ဘော့စနီးယားကလည်း ပထမဆုံး အကြိမ်အဖြစ် ခြေစစ်ပွဲ အောင်လာခဲ့ပါတယ်။

တောင်အမေရိက ဇုန်မှာတော့ ချီလီနဲ့ အီကွေဒေါ နိုင်ငံတို့ကလည်း နောက်ဆုံး ခြေစစ်ပွဲ အောင်တဲ့ အသင်းတွေ ဖြစ်လာပါတယ်။

အမေရိကန် အလယ်ပိုင်းနဲ့ မြောက်ပိုင်း ဇုန်မှာတော့ ဟွန်ဒူရပ်စ် အသင်းလည်း ခြေစစ်ပွဲအောင်ခဲ့ပြီး မက္ကဆီကိုကတော့ နယူဇီးလန်နဲ့ ပြန်လည် ယှဉ်ပြိုင်ရဦးမှာ ဖြစ်ပါတယ်။

ဥရောပဇုန် ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဒီနေ့ည ပွဲစဉ်တွေမှာ အင်္ဂလန်အသင်းက ဝင်ဘေလကွင်းမှာ မွန်တီနီဂရိုနဲ့ ကစားရမယ်


ဥရောပဇုန် ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဒီနေ့ည ပွဲစဉ်တွေမှာ အင်္ဂလန်အသင်းက ဝင်ဘေလကွင်းမှာ မွန်တီနီဂရိုနဲ့ ကစားရမှာပါ၊

အင်္ဂလန်ဟာ အုပ်စု ပထမနေရာမှာ ရှိနေပေမယ့် အောက်က ယူကရိန်း၊ မွန်တီနီဂရိုတို့နဲ့ တစ်မှတ်သာ ကွာတဲ့အတွက် ခြေစစ်ပွဲအောင်ဖို့ အနိုင်ကစားရမှာ ဖြစ်ပါတယ်။

အင်္ဂလန်အသင်းမှာ နောက်ခံလူ အက်ရှလေကိုးလ်ကလွဲလို့ တခြား ဒဏ်ရာရထားသူ မရှိဘဲ တိုက်စစ်မှာတော့ ဝိန်းရူနီနဲ့ လီဗာပူးက ဒင်နီရယ် စတားရစ်ခ်ျတို့ကို ပွဲထုတ်နိုင်ဖွယ် ရှိနေပါတယ်။BBC Burmese

No comments:

Post a Comment