Tuesday, October 22, 2013

နေပတ်လမ်းအနီး ထူးဆန်းသောဂြိုဟ်များ တွေ့ရှိ

နေပတ်လမ်းအနီး ထူးဆန်းသောဂြိုဟ်များ တွေ့ရှိ

Written by 
Rate this item
(0 votes)
ပေကျင်း အောက်တိုဘာ ၂၁
နက္ခတ္တ ဗေဒ ပညာရှင်များသည် NASA အဖွဲ့၏ Kepler အာကာသ ယာဉ်အဝေးကြည့် မှန်ပြောင်းမှ ရရှိသော အချက် အလက်များကို စုစည်း လေ့လာခဲ့ရာ နေ၏ အီကွေတာမှ ၄၅ ဒီဂရီ ထောင့်တစ်ခုစီတွင် နေကို ပတ်နေသည့်
ထူးဆန်းသော ဂြိုဟ်များစွာကို တွေ့ရှိခဲ့ သည်ဟု အင်တာနက် သတင်း တစ်ပုဒ်တွင် ဖော်ပြ ထားသည်။
လက်ရှိတွင် မိမိတို့ နေအဖွဲ့အစည်း၏ ဂြိုဟ်ပတ်လမ်းတွင် လည်ပတ်နေသည့် ဂြိုဟ်အားလုံးသည် နေ၏ အီကွေတာမှ ခုနစ် ဒီဂရီထောင့်မှ သာလျှင် လည်ပတ်နေကြောင်း၊ သို့ရာတွင် Kepler အာကာသယာဉ်၏ အဝေးကြည့် မှန်ပြောင်းမှ ရရှိသော အချက်အလက် များအရ နေပတ်လမ်း အနီးတွင် ဂျူပီတာဂြိုဟ် ကဲ့သို့သော ဂြိုဟ်ကြီးတစ်လုံး အပါအဝင် ဂြိုဟ်များစွာ လှည့်ပတ် နေသည်ကို တွေ့ရှိခဲ့ရခြင်းကြောင့် အလွန်အံ့အား သင့်ခဲ့ရကြောင်း NASA အဖွဲ့၏ Ames သုတေ သန ဌာနမှ နက္ခတ္တဗေဒ ပညာရှင် တစ်ဦးဖြစ်သူက ပြောကြားသည်။ ယခု တွေ့ရှိမှုသည် မိမိတို့ နေအဖွဲ့ အစည်း၏ ပြင်ပတွင် ဂြိုဟ်များ ရှိနေသည် ဟူသော အချက်နှင့် ပတ်သက်၍ အသေးစိတ် တွေ့ရှိမှု အသစ် တစ်ရပ်ဖြစ် ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။  

No comments:

Post a Comment