ကိုယ်အလေးချိန် လျှော့ချရေး သဘာဝ နည်းလမ်း ၁၀ ဖြာ
သင့်ကျန်းမာရေး အတွက် ကိုယ်အလေးချိန် လျှော့ချရေး သဘာဝနည်းလမ်း ၁၀ ဖြာကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။
၁)အသီးအနှံနဲ့ အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက် တွေဟာ ကယ်လိုရီ အနည်းငယ်သာ ပါဝင်တဲ့ အစားအစာတွေ ဖြစ်ပါတယ်။ ဒါကြောင့် အဝလွန်တဲ့ သူတွေဟာ ဒီအစားအစာ တွေကို မကြာခဏ ပိုစား သင့်ပါတယ်။
၂။ဆားဟာ ခန္ဓာကိုယ် အလေးချိန် တိုးမြင့်ရတဲ့ အဓိက အကြောင်းတစ်ရပ် ဖြစ်တာကြောင့် ဆားအလွန်အကျွံ စားသုံးခြင်း ကလည်း ရှောင်ကျဉ် ရပါမယ်။
၃)နို့ထွက် ပစ္စည်းတွေ ဖြစ်တဲ့ ဒိန်ခဲတွေ ထောပတ်တွေ ဟာလည်း အဆီဓာတ် ကြွယ်ဝတာကြောင့် ရှောင်ကျဉ် သင့်ပါတယ်။ အသားနဲ့ အသီးအရွက် မဟုတ်တဲ့ အစားအစာ တွေကိုလည်း ရှောင်ကျဉ် သင့်ပါတယ်။
၎)ဂျင်းစိမ်း၊ သစ်ကြမ်းပိုးခေါက်နဲ့ ငရုတ်ကောင်းမှုန့် စတာတွေဟာ ကိုယ်အလေးချိန် လျှော့ချရာမှာ နည်းလမ်း အမျိုးမျိုးနဲ့ အသုံးဝင်ပါတယ်။
၅)ဘူးခါးမျိုး တွေနဲ့ ဒန့်ဒလွန်သီး တွေလို အသီးအနှံ မျိုးတွေဟာ ကိုယ်အလေးချိန် လျှော့ချဖို့ အသုံး တည့်ပါတယ်။
၆)ပျားရည် သောက်သုံးခြင်းဟာ အကောင်းဆုံး အိမ်တွင်းဖြစ် ကိုယ်အလေးချိန် လျှောချရေး နည်းလမ်း တစ်ရပ်ဖြစ်ပါတယ်။ ပျားရည်ဟာ ခန္ဓာကိုယ် အတွင်းမှာ ရှိတဲ့ အဆီပိုတွေကို ပုံမှန် လုပ်ငန်းတွေမှာ သုံးနိုင်တဲ့ စွမ်းအင်အဖြစ် ထုတ်ယူ အသုံးပြုနိုင်အောင် လုပ်ဆောင် ပေးပါတယ်။ ပျားရည်ကို စတင် သောက်သုံးတဲ့ အခါမှာ ထမင်းစားဇွန်း တစ်ဇွန်း အပြည့်လောက် ပမာဏကို ရေနွေးနဲ့ စသောက်သင့်ပါတယ်။ မနက်ပိုင်းမှာ သောက်တာက ပိုကောင်းပါတယ်။ ပြီးရင် လတ်ဆတ်တဲ့ ရှောက်သီး ဖျော်ရည် လက်ဘက်ရည်ဇွန်း တစ်ဇွန်းလောက် ကိုလည်း ထပ်သောက် ရပါမယ်။
၇) ဂေါ်ဖီထုပ်ကိုလည်း ထိရောက်တဲ့ ကိုယ်အလေးချိန် လျှော့ချမှုမှာ ထည့်သွင်း ထားပါတယ်။ ဂေါ်ဖီထုပ်ဟာ သကြားနဲ့ တခြား ကာဘွန် ဟိုက်ဒရိတ်တွေကို အဆီအဖြစ် မပြောင်းလဲ သွားအောင် ကာကွယ် ပေးပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန် လျှော့ချရာမှာ ဂေါ်ဖီထုပ်က အများကြီး အကျိုးရှိပါတယ်။ ချက်ပြုတ်ပြီးပဲ စားစား... အစိမ်းစားစား အဆင်ပြေပါတယ်။
၈) ကိုယ်အလေးချိန် လျှော့ချရေး စီမံချက်မှာ လေ့ကျင့်ခန်း ပြုလုပ်ခြင်းဟာ အလွန် အရေးကြီးတဲ့ အစိတ်အပိုင်း တစ်ရပ် ဖြစ်ပါတယ်... ဒါ့အပြင် ကိုယ်ခန္ဓာရဲ့ ကြွက်သား တွေကို ပျော့ပြောင်းပြီး ကျန်းမာ သန်စွမ်း စေပါတယ်... ပထမဆုံး လမ်းလျှောက်ခြင်းနဲ့ စတင်သင့်ပြီး နောက်ပိုင်း မှာတော့ ပြေးတာ ရေကူးတာ လှေလှော်တာတွေကို တစ်ဆင့်ခြင်း လုပ်သွား နိုင်ပါတယ်။
၉) သံပုရာရည် ကလည်း ကိုယ်အလေးချိန် လျှော့ဖို့ အကောင်းဆုံး နည်းလမ်း တစ်ခု ဖြစ်ပါတယ်.. မနက်တိုင်း ဘာအစာမှမစားခင် သံပုရာရည် တစ်ဖန်ခွက်ကို ရေနွေးနဲ့ ပျားရည်တို့နဲ့ ဖျော်ပြီး သောက်သုံး ရပါမယ်။
၁၀) အစာမစားခင် တိုင်းမှာ သင်စားသောက်မယ့် ပမာဏကို တိုင်းတာပြီး တတ်နိုင်သမျှ အနည်းဆုံး ဖြစ်သင့်ပါတယ်။ ဥပမာအားဖြင့် ထမင်းစားရမယ့် ပမာဏဟာ သင့်လက်ထဲမှာ ဆုပ်ထား နိုင်လောက်တဲ့ ပမာဏထက် မပိုသင့်ပါဘူး။ အစာအနည်းငယ်ကိုပဲ ၄ နာရီ ၅ နာရီခြား တစ်ခါလောက် ပုံမှန်စားမယ်ဆိုရင် သင့်ကိုယ်တွင်း အစာခြေချက်မှု လုပ်ငန်းစဉ်က ကောင်းမွန်စွာ လုပ်ဆောင်နိုင်ပြီး စားလိုက်တဲ့ အစားအစာကနေ အဆီတွေ ဖြစ်မလာအောင် ကာကွယ် ပေးနိုင် ပါလိမ့်မယ်။ ပုံမှန် လေ့ကျင့်ခန်းကိုလည်း နေ့စဉ် နေ့တိုင်း မဖြစ်မနေ လုပ်မယ် ဆိုရင်တော့ သင့်ကိုယ်အလေးချိန်ဟာ သိသိသာသာ ကျဆင်းလာမှာ ဖြစ်ပါတယ်။
No comments:
Post a Comment