ဗိုက်ထဲက ကလေးကို စနိုက်ပါဖြင့် မပစ်ဟု ဆီးရီးယားငြင်း

အောက်တိုဘာ ၂၂။ ဆီးရီးယားက သူတို့၏ လက်ဖြောင့်တပ်သားများသည် ကိုယ်ဝန်ဆောင်မိခင်ကို စနိုက်ပါနှင့် ပစ်သတ်ပြီး ဗိုက်ထဲက ကလေး၏ ဦးခေါင်းထဲတွင် သေနတ်ကျည်ဆန် ၀င်စေခဲ့သော လုပ်ရပ်မျိုး မလုပ်ခဲ့ပါဟု တရားဝင် ငြင်းဆိုလိုက်သည်။ အောက်တိုဘာ ၁၉ ရက်က Daily Telegraph ၀က်ဘ်ဆိုဒ်တွင် ကလေးတစ်ဦး၏ ဦးခေါင်းအတွင်း ကျည်ဆန်ရှိနေ သည့် အနေအထားကို ဓာတ်မှန်ရိုက်ထားသော ဗီဒီယိုဖိုင်နှင့် သတင်းများ ထွက်လာခြင်းအပေါ် ဆီရီးယားပြန်ကြား ရေးဝန်ကြီးဌာနမှ ယခုကဲ့သို့ အခြေအမြစ် မရှိသည့် စွပ်စွဲချက်ဟုတရားဝင် ငြင်းဆိုခဲ့ခြင်ဖြစ်သည်။ ဝက်ဘ်ဆိုဒ်တွင် ဆီးရီးယားဆေးရုံတွင် ငါးပါတ်ကြာ စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဗြိတိန်ခွဲ... more »
လူသတ်စက်ရုပ် ခြိမ်းခြောက်မှုရန်မှ ဖယ်ရှားပစ်ရန် လူ့အခွင့်အရေးစောင့်ကြည့်ရေးက တိုက်တွန်း

အောက်တိုဘာ ၂၂။ အောက်တိုဘာ ၂၁ရက်က ကမ္ဘာတစ်ဝန်းလုံးရှိ နိုင်ငံများသည် လူသတ်စက်ရုပ်ဟု တင်စားခေါ်ဝေါ်သည့် အလိုအလျောက် ပစ်ခတ်ခြေမှုန်းနိုင်သည့် စက်လက်နက်များကို ဖယ်ရှားပစ်ရန် လူ့အခွင့်အရေး စောင့်ကြည်ရေးအဖွဲ့က တိုက်တွန်း လိုက်သည်။ ယင်းနေ့က နယူးယောက်မြို့ရှိ ကုလမဂ္ဂတွင်ကျင်းသော လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့နှင့် နိုင်ငံတကာလူ့ အခွင့်အရေး ဥပဒေပြုကျောင်းတို့ ပူးပေါင်းပြုလုပ်သည့် လူသားစက်ရုပ်နှင့် ပတ်သတ်သည့် အမေးအဖြေ ကဏ္ဍတွင် အကျေအလည် မဖြေရှင်းနိုင်သေးသော ယင်းပြဿာနာကို တင်သွင်းခဲ့သည်။ လူအစုလိုက် အပြုံလိုက် သေဆုံးစေသော စိတ်ကူးယဉ် သိပ္ပံလက်နက်ဆန်းများ၏ ခြောက်အိပ်မက်ကို နိုင်ငံတကာမှ အရေးစိုက်ရန် လို... more »
No comments:
Post a Comment