Wednesday, October 23, 2013

Watching Porn Might Make Straight Men Turn Gay

Watching Porn Might Make Straight Men Turn Gay

ညစ်ညမ်း ဇာတ်ကားများ၊ ဓာတ်ပုံများကို ကြည့်ရှုတဲ့ အမျိုးသားတွေမှာ လိင်တူချင်း ပြန်လည်လက်ထပ် ချင်တဲ့ စိတ်ကူး ရတတ်ကြကြောင်း လေ့လာချက် တစ်ရပ်က ဖော်ပြပါတယ်။
U.S မှလေ့လာချက် တစ်ရပ်အရ သူတို့ရဲ့ စိတ်ကူးစိတ်သန်း တွေကို နူးညံ့စွာ သွေဖယ်အောင် ဆွဲဆောင်တဲ့ နည်းလမ်း ကတော့ ညစ်ညစ် ဇာတ်လမ်းများ ကြည့်ရှု စေခြင်းကြောင့် လို့ဆိုပါတယ်။ စာပေ သင်ကြားမှု ဆိုင်ရာ ခွဲခြမ်း စိတ်ဖြာမှု အရ အမျိုးသားများ အနေနဲ့ ညစ်ညမ်း ဓာတ်ပုံများကို များများ ကြည့်ရှုလေ သူတို့မှာ လိင်တူချင်း လက်ထပ်စေဖို့ စိတ်ကူးစိတ်သန်း ပိုမို ရရှိလေလို့ ဖော်ပြ ထားပါတယ်။ အခုအခါ လိင်တူချင်း လက်ထပ်သူတွေ အရေအတွက် ကတဖြည်းဖြည်း မြင့်တက်လာ လျက်ရှိပါတယ်။

Porn

Indiana University ကလေ့လာမှု ခေါင်းဆောင် Paul Wright ကတော့ အကျိုး သက်ရောက်မှုဟာ ပညာ မတတ်တဲ့ အမျိုးသားတွေမှာ အဖြစ်များတယ် လို့ပြောပါတယ်။ ညစ်ညမ်း ဓာတ်ပုံတွေကြောင့် စိတ်နေစိတ်ထား ပြောင်းလဲမှု ဖြစ်ပြီး သမားရိုးကျ မဟုတ်တဲ့ လိင်မှုဆိုင်ရာ အခြေအနေ တွေကို သူတို့စိတ်မှာ လက်ခံလာ ကြပါတယ်။ ညစ်ညမ်း ဓာတ်ပုံတွေ လူထုထဲ ပေါ်ပေါ်တင်တင် ပြန့်နှံ့ခြင်း၊ ဥပဒေနှင့် မငြိစွန်းတဲ့ သမားရိုးကျ မဟုတ်တဲ့ လိင်ပိုင်းဆိုင်ရာ အပြုအမူတွေနဲ့ လိင်တူခြင်း လက်ထပ်လိုစိတ် ကြားမှာ ခိုင်မာတဲ့ ဆက်စပ်မှု ရှိနေပါတယ်။ လူတစ်ယောက်ကို လိင်တူချင်း အတူနေတာဟာ သူ့ရဲ့ကိုယ်ပိုင် အခွင့်အရေးလို့ တွေးရင် အဲ့ဒီလူက လိင်တူချင်း လက်ထပ်ဖို့ သူ့အတွက် အဖော်တစ်ယောက် ရှိသင့်တာလည်း သူ့အခွင့်အရေးပဲ လို့တွေးတတ် ကြပါတယ်။ လေ့လာချက် အရ လိင်တူချင်း လက်ထပ်လိုသူ တွေဟာ အမျိုးသားတွေကို ညစ်ညမ်း ဇာတ်လမ်း များများကြည့်ဖို့ တွန်းအားပေး ကြတယ် လို့ဆိုပါတယ်။

Porn

အင်တာနက်ပေါ်က အဖြစ်အပျက် တွေသာ အမှန် ဖြစ်မယ် ဆိုရင် ဒါဟာ ကမ္ဘာတ၀ှမ်းမှာ လိင်တူချင်း လက်ထပ်မှု တွေကို အထောက်အပံ့ ပေးနေတာ ဖြစ်ပြီး အင်တာနက် တဆင့်ဇာတ်လမ်း စခဲ့တဲ့ သူတွေရဲ့ ၃၀ရာခိုင်နှုန်းက ညစ်ညမ်းရုပ်ရှင်၊ ဓာတ်ပုံတွေနဲ့ ဆက်စပ် နေပါတယ်လို့ လေ့လာသူ တွေက ပြီးခဲ့တဲ့ နှစ်က ပြောပါတယ်။ အကြီးဆုံး ညစ်ညမ်း ၀ဘ်ဆိုက် ဖြစ်တဲ့ Xvideos မှာဝင်ရောက် ကြည့်ရှုသူ ၄၄၀၀သန်း ရှိပြီး တစ်လကို ၃၅၀ သန်း ၀င်ရောက် ကြည့်ရူ ကြပါတယ်။ ExtremeTech ရဲ့လေ့လာချက်အရ အခုလို ညစ်ညမ်းဆိုဒ်တွေ ကြီးထွားလာ ရတာဟာ Google နဲ့ Facebook မှာ Like အရေအတွက် များပြား ခြင်းကြောင့်လည်း ဖြစ်တယ်လို့ ဖော်ပြပါတယ်။ Google ရဲ့ DoubleClick Ad Planner က cookies တွေအသုံးပြုပြီး Xvideos ကိုဝင်ရောက် ကြည့်ရှုသူတွေရဲ့ ကိုယ်ရေး အချက်အလက် တွေကို ခိုးယူခဲ့ တယ်လို့ လေ့လာချက်က ဖွင့်ထုတ် လိုက်ပါတယ်။ ဒီအချက်အလက် တွေကို မူတည်ပြီး တတိယ အကြီးဆုံး ညစ်ညမ်းဆိုဒ် ဖြစ်တဲ့ YouPorn ကိုဝင်ရောက် ကြည့်ရှုသူ ဦးရေ ကိုလည်း ထပ်မံ ခန့်မှန်း ခဲ့ပါတယ်။

Porn

၁၅မိနစ်တာ Xvideos မှာရှိနေရင် အရည်အသွေး သိပ်မကောင်းတဲ့ ဇာတ်ကား တစ်ကားတော့ ကြည့်ရှု ခဲ့တယ်လို့ လေ့လာသူတွေ တွက်ချက် ခဲ့တာပါ။ အဲ့ကနေ တစ်ဆင့် တစ်လမှာ 29petabytes စာ ဇာတ်ကားတွေနဲ့ တစ်စက္ကန့်ကို 50 gigabytes စာဇာတ်ကားတွေ ၀င်ရောက် ကြည့်ရှု ခဲ့တယ်လို့ ခန့်မှန်းလို့ ရပါတယ်။ YouPorn မှာတော့ တစ်လကို 100TB စာဇာတ်ကားတွေ ၀င်ရောက် ကြည့်ရှု ကြပြီး ကြည့်ရှုသူ သန်း၁၀၀ ရှိကာ တစ်ရက်ကို 950 terabytes စာအသုံးပြု ခဲ့တာပါ။

No comments:

Post a Comment