
MYMC ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်များအားလုံး မင်္ဂလာပါ။ အမြဲတမ်းတင်ဆက်ပေးနေကျဖြစ်တဲ့ Knowledge 101 အစီအစဉ်ကိုတော့ အားလုံးပဲမှတ်မိကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အရင်ရက်ပိုင်းတွေတုန်းက MYMC အဖွဲ့သားတွေအားလုံး စာမေးပွဲတွေ၊အလုပ်တွေနဲ့ ရှုပ်နေတာကြောင့် Knowledge 101 ကို အချိန်မှီမတင်နိုင်ခဲ့တဲ့အတွက်လည်း အနူးအညွှတ်တောင်းပန်ပါတယ်။ အခု December Holidays မှာတော့ Knowledge 101 အစီအစဉ်လေးကို ပြန်လည်တင်ဆက်ပေးဖို့ အချိန်ရောက်လာပြန်ပါပြီ။ ဒီတစ်ခေါက် Knowledge 101 အတွက် MYMC ပရိသတ်ကြီးကို ပြောပြပေးချင်တဲ့ အကြောင်းအရာကတော့ Christmas အကြောင်းပဲဖြစ်ပါတယ်။ ဘယ်နိုင်ငံ၊ ဘယ်နေရာဒေသမှာမဆို December လမှာတော့ Christmas Holidays ကို အမြဲတမ်းကျင်းပလေ့ရှိကြပါတယ်။ အခု အချိန်အခါက December လလည်းဖြစ်ပြန်၊ Christmas လည်းရောက်ခါနီးပြီဆိုတော့ Christmas အကြောင်း သိသိသမျှ၊ ရှာဖွေလို့ရသမျှကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ MYMC ပရိသတ်ကြီးလည်း ကြိုက်နှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်။ စစချင်း Christmas ဘယ်လို ပေါ်ပေါက်လာလဲဆိုတာကို အရင်ပြောပြမယ်နော်။
Christmas ဆိုတာ

စတင်ပေါ်ပေါက်လာပုံ
Christmas အကြောင်းကို ပြောတော့မယ်ဆိုရင် Christmas ဘယ်လိုဖြစ်လာတာလဲဆိုတာကို
အရင်ပြောဖို့လိုပါတယ်။ တကယ်တော့ Christmas ဟာ Christan တွေအတွက်တော့ နေ့ထူး နေ့မြတ်တစ်ခုပါပဲ။ သမ္မာကျမ်းစာများရဲ့အဆိုအရ အပြစ်တွေနဲ့ပြည့်နှက်နေတဲ့ လူသားတွေကို ကယ်တင်ဖို့အတွက် ကမ္ဘာလောကရဲ့ဖန်ဆင်းရှင် ဘုရားသခင်က သူ့ရဲ့သားတော် ယေရှု (Jesus) ကို ဒီကမ္ဘာမြေဆီကို စေလွှတ်လိုက်ပါတယ်။ စေလွှတ်တဲ့နေရာမှာ အကျင့်သီလနဲ့ပြည့်စုံတဲ့ အပျိုစင်မာရီ (Mary) ဆီသို့ ကောင်းကင်တမန်တစ်ပါးကို စေလွှတ်ခဲ့ကာ Jesus ကို ကိုယ်ဝန် လွယ်ထားရကြောင်းကို အသိပေးခဲ့ပါတယ်။ Mary လည်း ဘုရားရဲ့သားတော်ကို ကိုယ်ဝန် လွယ်ထားရကြောင်း သိတဲ့အချိန်မှာပဲ သူမနဲ့လက်ထပ်ဖို့ ရည်ရွယ်ထားတဲ့ Joseph နဲ့ လက်ထပ်ပြီးတော့ Jesus မမွေးခင်အထိ စင်ကြယ်စွာပဲ နေထိုင်ခဲ့ကြပါတယ်။ Jesus ကို Mary ကိုယ်ဝန်လွယ်ထားကတည်းက သူတို့နိုင်ငံရဲ့ အထင်ကရပုရောဟိတ်ကြီး ၃ ပါးက ဒီအကြောင်းကို နိမိတ်ဖတ်နိုင်ခဲ့ကြပါတယ်။ ၉ လပြည့်ုလို့ မွေးဖွားမယ့်ရက်ရောက်ချိန်မှာ Joseph နဲ့ Mary တို့ဟာ တိုင်းပြည်ကိုပြန်တဲ့ လမ်းခရီးမှာပဲ ရှိနေပါသေးတယ်။
Jesus ကို မွေးဖွားဖို့အတွက်ကို တည်းခိုခန်းတွေမှာ လိုက်လံစုံစမ်းပေမယ့်လည်း အေးချမ်းတဲ့ ဆောင်းရာသီကလည်းဖြစ်ပြန်၊ ခရီးသွားလာသူများတဲ့အချိန်လည်း ဖြစ်ပြန်တာကြောင့် ဘယ်အခန်းကိုမှ ငှားရမ်းလို့မရပဲနဲ့ နောက်ဆုံးတော့ နွားတင်းကုတ်မှာသာ တည်းခိုခဲ့ရပါတယ်။ Jesus ကိုလည်း မွေးဖွားပြီးတဲ့အချိန်မှာ နွားစားခွက်ထဲမှာသာ ပုခက်အစားထည့်ပြီး ချော့သိပ်ခဲ့ရပါတယ်။ အဲဒီအချိန်မှာလည်း ပုရောဟိတ် ၃ ပါးဟာ Jesus မွေးဖွားမယ့်အချိန်ကို တွက်ချက်လို့ရတာကြောင့် Jesus ကို လိုက်လံရှာဖွေကြပါတယ်။ ဒါပေမယ့်ဘယ်မှာ ရှာရမှန်းမသိဖြစ်နေတဲ့အချိန်မှာပဲ ကောင်းကင်ယံမှာ ခါတိုင်းနဲ့မတူ အရမ်းထွန်းထင်းနေတဲ့ ကြယ်ကြီးတစ်လုံးကို သွားတွေ့ပါတယ်။ ပုရောဟိတ် ၃ ပါးလည်း ဒီကြယ်ကြီးက ထူးဆန်းတယ်ဆိုပြီး ကြယ်နောက်ကိုလိုက်ပါလာရင်းနဲ့ နောက်ဆုံးမှာတော့ Jesus မွေးဖွားရာ နွားတင်းကုတ်ကို ရောက်ရှိလာကြပါတယ်။ ပုရောဟိတ် ၃ ပါးဟာ Jesus ကို တွေ့တွေ့ချင်းပဲ လူသားတို့ကိုကယ်တင်မယ့် အရှင်သခင်လို့ခေါ်ပြီးတော့ ပါလာတဲ့လက်ဆောင်များကို ဆက်သကြပါတယ်။ ဒီလိုနောက်ခံအဖြစ်အပျက်တွေကြောင့် Christmas Trees တွေရဲ့ ထိပ်ဆုံးမှာ လမ်းပြကြယ်ကို ကိုယ်စားပြုတဲ့ ကြယ်တစ်လုံးအမြဲတမ်း ထားရှိပြီးတော့ သစ်ပင်ရဲ့အောက်ခြေမှာတော့ ပုရောဟိတ် ၃ ပါးကပေးတဲ့ လက်ဆောင်တွေကို ကိုယ်စားပြုကာ လက်ဆောင်ထုပ်တွေ ထားရှိကြပါတယ်။ နောက်ပြီးတော့ Jesus မွေးတဲ့နေရာနဲ့ ပုံစံတူပြင်ဆင်ထားတဲ့ နွားတင်းကုတ်ကိုလည်း ပြုလုပ်လေ့ရှိကြပါတယ်။


ဒီ Video ကတော့ Jesus မွေးဖွားတဲ့အကြောင်းကို ရှင်းပြထားတဲ့ Clip လေးပါ။
ပျော်ပွဲရွှင်ပွဲများ
Christmas အချိန်အခါမှာ အမြဲတမ်းလုပ်လေ့ရှိတဲ့ အရာလေးတွေကို ပြောပြပေးချင်ပါတယ်။
မြန်မာနိုင်ငံမှာတော့ Christian မိသားစုအများစုနဲ့ Church တွေမှာသာ ကျင်းပကြတာများပေမယ့် တခြားနိုင်ငံတွေမှာတော့ အကြီးအကျယ်ကို ပျော်ပွဲရွှင်ပွဲတွေ ကျင်းပလေ့ရှိပါတယ်။ မြို့လယ်ခေါင် လူစည်ကားရာ နေရာတစ်ချို့နဲ့ အဆောက်အဦးကြီးတွေမှာ အလှမီးလုံးတွေကို ပုံဖော်ထွန်းညှိပြီးတော့ ပြိုင်ဆိုင်တာတွေလည်းရှိပါတယ်။ အရမ်းအေးတဲ့နိုင်ငံတွေမှာတော့ ရေခဲတွေ၊ နှင်းတွေနဲ့ပါ ပုံတွေဖော်ကြပါတယ်။ နောက်ပြီးတော့ Christmas မှာဆိုရင် နှစ်ကုန်ပိုင်းလည်းဖြစ်တော့ ဘယ်ပစ္စည်း ကိုမဆို ထက်ဝက်လောက်ကို ဈေးလျှော့ပြီးရောင်းချလေ့ရှိကြပါတယ်။ အဲဒါကြောင့် Christmas ဆိုရင်တော့ Malls တွေမှာ လူတွေအပြည့်ပါပဲ။ ဒါ့အပြင်လမ်းတစ်လျှောက်မှာလည်း Christmas နဲ့ဆိုင်တဲ့ အ၀တ်အစားတွေကို ၀တ်ဆင်ပြီးတော့ ဓါတ်ပုံအတူတူရိုက်ဖို့အတွက်လည်း အဆင်သင့်ရှိနေတဲ့လူတွေ ထုနဲ့ဒေးပါပဲ။ ဈေးဝယ်ထွက်ရင်း၊ လမ်းလျှောက်ရင်းနဲ့ အလှမီးတွေကို ကြည့်လို့ရသလို ဓါတ်ပုံတွေလည်း ရိုက်ကြပါတယ်။

Christmas Choir

ဒီ Video ကတော့ Christmas မှာ ဆိုလေ့ရှိတဲ့ Christmas Choir ပါ။ နားဆင်ခံစားကြည့်ပါ။
Christmas Eve

Santa Claus

ဒီ Video ကတော့ 1994 တုန်းက ထွက်ခဲ့တဲ့ The Santa Claus ရုပ်ရှင်ဇာတ်ကားပါ။ နောက်အပိုင်းတွေကိုတော့ Youtube မှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။
ဒီ Video ကတော့ အားလုံးကြိုက်နှစ်သက်ကြမယ့် Mr.Bean ရဲ့ Christmas ဟာသလေးပါ။
ကဲ.. ဒီလောက်ဆိုရင်တော့ Christmas အကြောင်းကို တော်တော်များများပြောပြီးသွားပြီ ထင်ပါတယ်နော်။ လိုအပ်တာများရှိခဲ့ရင်လည်း သည်းခံခွင့်လွှတ်ပေးကြပါလို့ မေတ္တာရပ်ခံအပ်ပါတယ်။ လူတိုင်းက Christmas ဆိုလို့ Christmas ဆိုပြီး လိုက်ပျော်နေတာထက်ကို ဘာကြောင့်လဲဆိုတာ သိပြီးတော့ပျော်ရွှင်ရတာ ပိုအရသာရှိတာပေါ့နော်။ ဒီလို Christmas အချိန်မှာ MYMC ပရိသတ်တွေအားလုံးလည်း ပျော်ရွှင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။ ဒီတစ်ခေါက် Knowledge 101 အတွက် Christmas အကြောင်းတင်ဆက်ပြီးသွားပြီဆိုတော့ နောက်တစ်ခေါက်မှာ ဘယ်လိုထူးထူးခြားခြား အကြောင်းအရာလေးနဲ့ တင်ဆက်မလဲဆိုတာ စောင့်ကြည့်ရင်းနဲ့ Christmas ကို ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲနိုင်ကြပါစေ။ See Ya Next Round!
Design | Mahuyar
Written and Translated | ^AnGeL^
Written and Translated | ^AnGeL^
No comments:
Post a Comment