Biogrpahy
(Craton) ပထမဦးဆုံး Hitler ရဲ့ကိုယ်ရေးအတ္ထုပ္ပတ္တိကိုကြည့်မယ်ဆိုရင် တော်တော့်ကိုခြားနား ကွာဟနေတဲ့ဘဝ အစိတ်အပိုင်းနှစ်ခုကို တွေ့မြင်ရမှာဖြစ်ပါတယ်။ တစ်ခုကအသက် ၃၀ အရွယ်အထိပေါ့။ အဲ့ဒီအရွယ်ရောက်တဲ့အထိတိုင်အောင် Hitler ကအများနည်းတူ ဘဝအောင်မြင်မှုကိုမရရှိခဲ့ပါဘူး။ ဘယ်အလုပ်ကိုမှလည်း မယ်မယ်ရရ တတ်ကျွမ်းထားတာလည်းမရှိ၊ ဘယ်လူ့အသိုင်းအဝိုင်း အဆက်အသွယ်ကောင်းတွေကိုမှလည်း ထိထိရောက်ရောက်မသိရှိခဲ့တဲ့အတွက် သူ့ဘဝတိုးတက်ကြီးပွါးရေးဟာလည်း နှောင့်နှေးကြန့်ကြာခဲ့ရပါတယ်။ နောက် ဘဝအစိတ်အပိုင်းတစ်ခုက.. အဲ့ဒီနောက်ပိုင်း နှစ်အနည်းငယ်အတွင်းမှာပဲ Hitler ဟာ ဂျာမနီနိုင်ငံတော်ကြီး တစ်ခုလုံးကိုတောင် ဝန်ကြီးချုပ် လုပ်သိမ်းပိုက်နိုင်ရုံတင်မကဘဲ ဥရောပနိုင်ငံတော်တော်များများကိုလည်း သူ့လက်အောက်ကို ပြားပြားမှောက်ရောက်ရှိစေခဲ့ပါတယ်။ ပြောရရင် သူ့လိုလူဟာ ကမ္ဘာမှာမရှိသလောက်ရှားပါတယ်။ နိုင်ငံရေးလောကထဲကိုမဝင်ခင်မှာ သူ့ဘဝဇာတ်ကြောင်းနဲ့ ပတ်သက်ပြီးတော့ ပဟေဠိတစ်ခုအနေနဲ့ပဲ လူအများကိုအသိပေးထားပါတယ်။ Christian Graf von Krockow ရဲ့စာအုပ်ထဲမှာတော့ “ငါ ဘယ်ကလာတယ်၊ ငါကဘယ်မိသားစုကပေါက်ဖွားတယ်ဆိုတာ ဒင်းတို့သိဖို့အရေးမပါပါဘူး” လို့ Hitler က သူ့ခေတ်ပြိုင်နိုင်ငံရေးသမားတွေကို ရည်ညွှန်းပြီးတော့ပြောခဲ့တယ်လို့ ရေးသားထားပါတယ်။
(C4) ကဲ.. သူ့ရဲ့ ငယ်ဘဝအကြောင်းလေး နည်းနည်းပြောပြမယ်နော်။ Hitler ရဲ့နာမည်အရင်းက Adolf Hitler ဖြစ်ပြီးတော့ သူ့ကို ၁၈၈၉ ခုနှစ် ဧပြီလ၂၀ ရက်နေ့မှာ သြစကြီးယားပြည်မြောက်ပိုင်းက Braunau am Inn မှာမွေးဖွားခဲ့ပါတယ်။ အဖေနာမည်က Alois Hitler ဖြစ်ပြီး အမေကတော့ Klara Hitler ပါ။ Hitler ဟာ Austrian-German လူမျိုးဖြစ်ပြီးတော့ ငယ်စဉ်ဘ၀တုန်းက ပန်းချီဆွဲတာကို သိပ်ဝါသနာပါခဲ့တယ်။ ပန်းချီဆရာတစ်ယောက်ဖြစ်ဖို့အတွက်ပဲ စဉ်းစားပြီးတော့ ရည်းမှန်းချက်ရှိရာ ပန်းတိုင်ကိုချီတက်ခဲ့ပါတယ်။ အရွယ်ရောက်လာတဲ့အခါကြတော့ ပန်းချီသင်တန်းကျောင်းကိုပို့ပေးဖို့ မိဘတွေကိုပြောခဲ့ပေမယ့် Hitler အဖေကတော့ စက်မှုသင်တန်းကျောင်းကိုပဲပို့ပေးခဲ့တယ်။ Hitler အဖေက Austria ၀န်ကြီးအတွက်အလုပ်လုပ်ပေးနေတဲ့သူဖြစ်တဲ့အတွက် Hitler ကိုလည်း Austria လူမျိုးစိတ်ဓာတ်ပဲရှိစေချင်ခဲ့တယ်။ ဒါပေမဲ့လည်း Hitler ကတော့ German လူမျိုးလို့ ပြောရတာကိုပဲနှစ်သက်ပြီး ဂျာမန်လူမျိုးတွေအပေါ်သစ္စာရှိခဲ့တယ်။ အဲ့ဒီလိုအမြင်မတူတဲ့ အခြေအနေတွေကြောင့် Hitler နဲ့ သူ့ဖခင်ရဲ့ဆက်ဆံရေးဟာ တင်းမာခဲ့တယ်။ ၁၉၀၃ခုနှစ် Hitler အဖေကွန်လွန်သွားပြီးတဲ့နောက်မှာတော့ Hitler က စက်မှုသင်တန်းကျောင်းကထွက်ပြီးတော့ သူဝါသနာပါရာ ပန်းချီသင်တန်းကျောင်းကိုပြောင်းဖို့ ကြိုးစားခဲ့ပေမယ့် Vienna မြို့က ယဉ်ကျေးမှုတကသိုလ်ဝင်ခွင့်စာမေးပွဲမှာ မအောင်ခဲ့တဲ့အတွက် ပန်းချီဆရာတစ်ယောက်ဖြစ်ဖို့ အရည်အချင်းမရှိဘူးဆိုပြီး အငြင်းခံလိုက်ရတယ်။ သူ့ကိုအဲ့လိုငြင်းလိုက်တဲ့ကျောင်းကို အုပ်ချုပ်တဲ့သူတွေကတော့ Jews လူမျိုးတွေဖြစ်တဲ့အတွက် Jews လူမျိုးတွေကို စတင်မုန်းတီးခဲ့တယ်။
(Craton) ပထမဦးဆုံး Hitler ရဲ့ကိုယ်ရေးအတ္ထုပ္ပတ္တိကိုကြည့်မယ်ဆိုရင် တော်တော့်ကိုခြားနား ကွာဟနေတဲ့ဘဝ အစိတ်အပိုင်းနှစ်ခုကို တွေ့မြင်ရမှာဖြစ်ပါတယ်။ တစ်ခုကအသက် ၃၀ အရွယ်အထိပေါ့။ အဲ့ဒီအရွယ်ရောက်တဲ့အထိတိုင်အောင် Hitler ကအများနည်းတူ ဘဝအောင်မြင်မှုကိုမရရှိခဲ့ပါဘူး။ ဘယ်အလုပ်ကိုမှလည်း မယ်မယ်ရရ တတ်ကျွမ်းထားတာလည်းမရှိ၊ ဘယ်လူ့အသိုင်းအဝိုင်း အဆက်အသွယ်ကောင်းတွေကိုမှလည်း ထိထိရောက်ရောက်မသိရှိခဲ့တဲ့အတွက် သူ့ဘဝတိုးတက်ကြီးပွါးရေးဟာလည်း နှောင့်နှေးကြန့်ကြာခဲ့ရပါတယ်။ နောက် ဘဝအစိတ်အပိုင်းတစ်ခုက.. အဲ့ဒီနောက်ပိုင်း နှစ်အနည်းငယ်အတွင်းမှာပဲ Hitler ဟာ ဂျာမနီနိုင်ငံတော်ကြီး တစ်ခုလုံးကိုတောင် ဝန်ကြီးချုပ် လုပ်သိမ်းပိုက်နိုင်ရုံတင်မကဘဲ ဥရောပနိုင်ငံတော်တော်များများကိုလည်း သူ့လက်အောက်ကို ပြားပြားမှောက်ရောက်ရှိစေခဲ့ပါတယ်။ ပြောရရင် သူ့လိုလူဟာ ကမ္ဘာမှာမရှိသလောက်ရှားပါတယ်။ နိုင်ငံရေးလောကထဲကိုမဝင်ခင်မှာ သူ့ဘဝဇာတ်ကြောင်းနဲ့ ပတ်သက်ပြီးတော့ ပဟေဠိတစ်ခုအနေနဲ့ပဲ လူအများကိုအသိပေးထားပါတယ်။ Christian Graf von Krockow ရဲ့စာအုပ်ထဲမှာတော့ “ငါ ဘယ်ကလာတယ်၊ ငါကဘယ်မိသားစုကပေါက်ဖွားတယ်ဆိုတာ ဒင်းတို့သိဖို့အရေးမပါပါဘူး” လို့ Hitler က သူ့ခေတ်ပြိုင်နိုင်ငံရေးသမားတွေကို ရည်ညွှန်းပြီးတော့ပြောခဲ့တယ်လို့ ရေးသားထားပါတယ်။

Adolf Hitler ရဲ့ လူမသိတဲ့ဘ၀ဇာတ်ကြောင်း မှတ်တမ်းတင်ဗီဒီယိုကို ၁၉၅၀ခုနှစ်က ရိုက်ကူးခဲ့ပါတယ်။ ဒီမှတ်တမ်းမှာ Hitler ညီမဖြစ်သူ Paula Wolf နဲ့အင်တာဗျူးလည်း ပါဝင်ပါတယ်။
Politics & Success
(Craton) နောက်ပိုင်းမှာတော့ Hitler ဂျာမနီလူမျိုးတွေဦးစီးတဲ့အဖွဲ့တွေ တော်တော်များများထဲကိုဝင်ပြီး နိုင်ငံရေးကိုစတင်လှုပ်ရှားခဲ့တယ်။ အဲ့ဒီအချိန်မှာ စာအုပ်တွေဖတ်၊ နိုင်ငံရေးအကြောင်းတွေကို လေ့လာရင်းနဲ့ Jews လူမျိုးတွေကိုမုန်းတီးစိတ်တွေ တစ်စစတိုးပွားလာခဲ့တယ်။ ၁၉၁၄ ခုနှစ် ကမ္ဘာစစ်ကြီး စတင်ဖြစ်ပွါးတဲ့အချိန်မှာ ဂျာမန်စစ်တပ်ထဲကို ကိုယ့်သဘောနဲ့ကိုယ်ဝင်ရောက် အမှုထမ်းခဲ့တယ်။ ဂျာမနီစစ်ရှုံးရတာလည်း Jews လူမျိုးတွေကြောင့်ပဲလို့အပြစ်တင်ပြီး Germany နိင်ငံကို German လူမျိုးသန့်သန့်ပဲ ရှိစေရမယ်လို့ ဆုံးဖြစ်ခဲ့တယ်။ စစ်ပြီးသွားတဲ့အချိန်ဖြစ်တဲ့ ၁၉၁၉ ခုနှစ်မှာ ဂျာမန်အလုပ်သမားများပါတီ (DAP) ဆိုတဲ့ ပါတီသစ်တစ်ခုထဲကို အဖွဲ့ဝင်အဖြစ် ဝင်ရောက်ဖို့စာရင်းသွင်းခဲ့တယ်။ အဲ့ဒီပါတီကို ၁၉၂၀ မှာအမျိုးသားဆိုရှယ်လစ် ဂျာမန်အလုပ်သများများပါတီ National Socialist German Workers Party ဂျာမန်ဘာသာနဲ့ဆိုရင် Nationalsozialistische Deutsche Arbeiterpartei (NSDAP) အဖြစ် အမည်ပြောင်းလဲခေါ်တွင်ခဲ့ပါတယ်။ Hitler
ဟာ German လူမျိုးတွေကိုလည်း မျိုးချစ်စိတ်ဓာတ်တွေ ရှင်သန်လာအောင် မိန့်ခွန်းတွေပြောပြီး အားပေးခဲ့တယ်။ သူ့ရဲ့စကားပြောပါးနပ်မှု၊ နားထောင်သူကို ဆွဲဆောင်နိုင်မှု၊ အဟောအပြော ကောင်းမှုတွေကပဲ သူ့ကိုစင်မြင့်ပေါ် မြန်မြန်ရောက်အောင် တွန်းတင်ပေးခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ အစိုးရအတွင်းမှာလဲ ပြဿနာတွေရှိနေတဲ့အတွက် နာဇီပါတီအတွက် ပိုပြီးစည်းရုံးရ လွယ်သွားပါတယ်။ (Hitler's Speech) ၁၉၂၃ ခုနှစ်မှာ Hitler နဲ့ Ludendorff တို့ဦးဆောင်ပြီးတော့ Munich မြို့မှာ နိုင်ငံတော်အာဏာ သိမ်းဖို့ကြံစည်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ သူ့ရဲ့လုပ်ရပ်ဟာ ပြစ်မှုထင်ရှားတဲ့အတွက် ထောင်ဒဏ် ၅ နှစ်ကျခံဖို့ တရားရုံးကအမိန့်ချခဲ့တယ်။ ဒါပေမယ့်လည်း ၁၉၂၄ ခုနှစ်မှာပဲ ပြန်လွတ်လာခဲ့တယ်။ အဲ့ဒီနှစ်တွေအတွင်းမှာ သူ့ရဲ့နောင်တစ်ချိန်မှာ နာမည်ကျော်ကြားလာမယ့် "Mein Kampf" (My Struggle) ဆိုတဲ့စာအုပ်ကို ရေးသားပြုစုခဲ့တယ်။ အဲ့ဒီစာအုပ်ထဲမှာ သူ့ရဲ့နိုင်ငံရေး ရည်မှန်းချက်ဖြစ်တဲ့ Jews လူမျိုးသုတ်သင်ရေးနဲ့ အရှေ့ပိုင်းနိုင်ငံများသို့ နယ်မြေတိုးချဲ့ ရေးဆိုတာတွေ ပါဝင်ပါတယ်။
(Juliet) အကြမ်းဖက်အာဏာသိမ်းမှုဟာ အောင်မြင်မှုလမ်းစမရှိနိုင်ဘူးဆိုတာကို ခံစားမိသွားတဲ့ Hitler ဟာ နိုင်ငံတော်အာဏာကို တရားဝင်နည်းလမ်းတွေ သုံးပြီးတော့ အရယူဖို့ကြံစည်ပါတော့တယ်။ ၁၉၃၂ မှာကျင်းပတဲ့ အထွေထွေ ရွေးကောက်ပွဲမှာ သူ့ရဲ့ပါတီ (NSDAP) က အင်အားအကြီးဆုံး ပါတီဖြစ်လာခဲ့ပါတယ်။ အကျိုးဆက်အနေနဲ့ သူဟာ ၁၉၉၃ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့မှာ နိုင်ငံတော်ဝန်ကြီး ချုပ်ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီလိုအောင်မြင်လာတဲ့အချိန်မှာ Hitler ဟာ သူ့ရဲ့အဖွဲအစည်းအတွက်ရော ဂျာမန်လူမျိုးတွေကို ရောပါကိုယ်စားပြုတဲ့ အမှတ်အသား တစ်ခုရှိသင့်တယ်ဆိုပြီး တံဆိပ်တစ်ခုလုပ်ဖို့ စဉ်းစားရင်း စာအုပ်တစ်အုပ်မှာ သူလိုချင်တဲ့ တံဆိပ်တစ်ခုကိုတွေ့ခဲ့တယ်။ အဲ့ဒါကတော့ ဗုဒ္ဓဘာသာလူမျိုးတွေရဲ့ အမှတ်အသားဖြစ်တဲ့ ဓမ္မစင်္ကြာတံဆိပ်ပဲပေါ့။ ဒီတံဆိပ်ရဲ့အမှတ်အသားက အေးမြခြင်း ၊ ငြိမ်းချမ်းခြင်း ၊ ကြွယ်ဝချမ်းသာခြင်းဆိုတဲ့ အတိတ်နိမိတ်ကိုဆောင်ပေမယ့် Hitler ကတော့ တံဆိပ်ရဲ့ပုံစံရော၊ အဓိပ္ပာယ်ကိုရောပါ ပြောင်းပြန်လှန်ပစ်ခဲ့တယ်။
(C4) Adolf Hitler ဟာ နိုင်ငံရေးနဲ့အုပ်ချုပ်ရေး လောကကို ဝင်ရောက်လာချိန်ကတည်းက ဂျာမနီနိုင်ငံမှာ ဒီမိုကရေစီစနစ်ကိုဖော်ဆောင်ဖို့ လုံးဝစိတ်ကူးမရှိခဲ့ပါဘူး။ ဒါပေမယ့် နိုင်ငံတော်အာဏာကို သူ့လက်ထဲအမြန်ရောက်ရှိဖို့နဲ့ ၊ ရလာပြီးတဲ့အာဏာကိုလည်း ဆက်ပြီးတော့အဓွန့်ရှည် ရှည်ချုပ်ကိုင်ထားနိုင်ဖို့အတွက် ဒီမိုကရေစီစနစ်ကို စနစ်တကျအလွဲသုံးစား ပြုနိုင်ခဲ့ပါတယ်။ ဟစ်တလာဟာ တရားဝင်နည်းလမ်း သုံးသွယ်ကိုအသုံးချပြီးတော့ အကြွင်းမဲ့အာဏာရှင်အဖြစ်ကို လွယ်လင့်တကူပဲရရှိခဲ့ပါတယ်။ သူ.. အုပ်ချုပ်ရေးအာဏာ ရရှိလာခဲ့ပုံကို ပြန်ကြည့်မယ်ဆိုရင်... အင်း.. ၁၉၃၃ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ ဂျာမနီနိုင်ငံ ပြည်သူ့လွှတ်တော် အဆောက်အဦး မီးစွဲလောင်ခဲ့ပါတယ်။ အဲ့ဒီမီးလောင်မှုကြီးကပဲ Hitler ကို အာဏာရှင်အဖြစ် ကိုရောက်လာဖို့ ပထမဦးဆုံးတွန်းအားပေးခဲ့ပါတယ်။ မီးလောင်မှုနဲ့စပ်လျဉ်းပြီးတော့ အရေးပေါ်အစည်းအဝေး တစ်ရပ်ကို အချိန်မဆိုင်းဘဲခေါ်ယူဆွေးနွေးခဲ့ပါတယ်။ အဲ့ဒီအစည်းအဝေးမှာ Hitler က လက်ရှိနိုင်ငံတော် သမ္မတဆီကနေပြီးတော့ ဥပဒေသစ်တစ်ခုကို တောင်းခံခဲ့ပါတယ်။ “နိုင်ငံတော်နှင့်လူမျိုးစုများကို ကာကွယ်စောင့်ရှောက်ပိုင်ခွင့်ဥပဒေ” လို့ခေါ်ပါတယ်။ အဲ့ဒီဥပဒေတရား ဝင်ထုတ်ပြန်ကြေငြာလိုက်တာနဲ့ နိုင်ငံသားတို့ရဲ့ လွတ်လပ်ခွင့်အားလုံးနဲ့ အခြေခံဥပဒေတွေဟာ အချိန်အကန့်အသတ်မရှိ အလိုအလျောက်ရုပ်သိမ်းခြင်းကို ခံလိုက်ရပါတော့တယ်။ အဲ့ဒီအစည်းအဝေး ကျင်းပတဲ့ညနေမှာပဲ Hitler ဟာ သူ့ရဲ့အတိုက်အခံတွေဖြစ်တဲ့ ကွန်မြူနစ်တွေ၊ လက်ဝဲအစွန်းရောက်တွေနဲ့ ဆိုရှယ်ဒီမိုကရက်တွေကို လိုက်လံဖမ်းဆီးချုပ်နှောင်စေခဲ့ပါတယ်။
(Craton) ၁၉၃၃ခု မတ်လ ၂၄ ရက်နေ့မှာ ဟစ်တလာက စစ်ဥပဒေသစ်တစ်ခုကို ထုတ်ပြန်လိုက်ပါတယ်။ အဲ့ဒီဥပဒေကို “နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ အရေးပေါ်အခြေအနေများကို ကိုင်တွယ်ဖြေရှင်းခွင့်ဥပဒေ” လို့ တရားဝင်ခေါ်ဆိုခဲ့ပေမယ့်လည်း တကယ်တမ်းကဒီဥပဒေအရပဲ Hitler အာဏာရှင်ဟာ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို လိုသလိုမွှေနှောက် အသုံးချနိုင်သူ ဖြစ်သွားပါတယ်။ အဲ့ဒီထက်ပိုဆိုးတာက ဒီအမိန့်အရ ပြည်သူ့လွှတ်တော်ရဲ့ ထိန်းချုပ်မှု အောက်ကနေလည်း ကွင်းလုံးကျွတ် လွတ်မြောက်ခွင့်ရသွားတာပါပဲ။ အဲ့ဒီနည်းနဲ့ပဲဂျာမနီနိုင်ငံမှာ အချိန်အတော်ကြာ အမြစ်တွယ်နေပြီးတဲ့ ဒီမိုကရေစီစနစ်ဟာ အပြီးတိုင်ချုပ်ငြိမ်း သွားခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ အာဏာရှင်တွေဟာ နိုင်ငံရေးအတိုက်အခံတွေ၊ တော်လှန်ပုန်ကန်သူတွေကို ချုပ်နှောင်ထိန်းသိမ်းဖို့ နာဇီအကျဉ်းစခန်းတွေကို စတင်တည်ထောင် ပါတော့တယ်ဗျာ။ နိုင်ငံရေးသမားတွေကို မြေလှန်ရှာဖွေ ဖမ်းဆီးစေနိုင်ခဲ့ပြီး
တော်လှန်ပုန်ကန်သူတွေကိုလည်း ဖြုတ်ထုတ်ရှင်းစနစ်နဲ့ပဲ ကြိုးကိုင်ထိန်းချုပ်နိုင်ခဲ့တဲ့အချိန်မှာ အာဏာရှင်စနစ်ဆိုးကြီးဟာလည်း အရှိန်တဟုမ်းဟုမ်းနဲ့လောင်ကျွမ်းနေပါပြီ။ ၁၉၃၃ခုနှစ် ဇွန်လ ၃၀ ရက်နေ့မှာဖြစ်ပွားခဲ့တဲ့ “Roehm” ရဲ့ အာဏာသိမ်းဖို့ ကြံစည်မှုကြီးက Hitler ကို နောက်ထပ် လှေခါးထစ်တစ်ထစ်ကို ထပ်မံတွန်းပို့လိုက်သလို တောင်ဖြစ်သွားပါတယ်။ SS စစ်တပ်နဲ့ ကာကွယ်ရေးစစ်တပ်နှစ်ခုကို ပူးပေါင်းစေပြီးတော့ အာဏာသိမ်းဖို့ကြံစည်တဲ့ Ernst Roehm အပါအဝင် တခြား SA စစ်ဗိုလ်တွေကိုလည်း ကွပ်မျက်စေခဲ့ပါတယ်။ ၁၉၃၃ ဇူလိုင် ၃ ရက်နေ့မှာထုတ်ပြန်တဲ့ ဥပဒေအသစ်မှာ ဒီလုပ်ရပ်ဟာ နိုင်ငံတော်အေးချမ်းသာယာရေးကို ကာကွယ်စောင့်ရှောက်တာ ဖြစ်တဲ့အတွက် ဥပဒေလမ်းကြောင်းအရ မှန်ကန်တဲ့လုပ်ရပ်ဖြစ်တယ်လို့ တရားဝင်ကြေငြာပါတယ်။ SA စစ်တပ်ကြီးဟာလည်း အဲ့ဒီအချိန်ကနေစလို့ သူ့ရဲ့လုပ်ပိုင်ခွင့်နဲ့အထူးအာဏာတွေကို လက်လွှတ်လိုက်ရပြီး SS စစ်တပ်သာလျှင် Hitler ရဲ့ တိုက်ရိုက်ဦးဆောင်မှုနဲ့အာဏာရှင့်လက်ကိုင်တုတ်တွေ ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီလို တရားဝင်နည်းလမ်း အသွယ်သွယ်ကိုအသုံးချရင်း Hitler ဟာ နိုင်ငံတော်အာဏာကို တစတစသိမ်းယူလာခဲ့ပါတယ်။ ဂျာမနီနိုင်ငံသမ္မတ Paul von Hindenburg ကွယ်လွန်ပြီးတဲ့ အချိန်ကစပြီး လက်ရှိရာထူးအပြင် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ခေါင်းဆောင်ကြီး .. စတဲ့အမည်တွေခံယူပြီးတော့ Hitler ဟာ အကြွင်းမဲ့ အာဏာရှင်ဘဝကို ပြိုင်ဘက်မရှိရောက်သွားပါတော့တယ်။
(Craton) နောက်ပိုင်းမှာတော့ Hitler ဂျာမနီလူမျိုးတွေဦးစီးတဲ့အဖွဲ့တွေ တော်တော်များများထဲကိုဝင်ပြီး နိုင်ငံရေးကိုစတင်လှုပ်ရှားခဲ့တယ်။ အဲ့ဒီအချိန်မှာ စာအုပ်တွေဖတ်၊ နိုင်ငံရေးအကြောင်းတွေကို လေ့လာရင်းနဲ့ Jews လူမျိုးတွေကိုမုန်းတီးစိတ်တွေ တစ်စစတိုးပွားလာခဲ့တယ်။ ၁၉၁၄ ခုနှစ် ကမ္ဘာစစ်ကြီး စတင်ဖြစ်ပွါးတဲ့အချိန်မှာ ဂျာမန်စစ်တပ်ထဲကို ကိုယ့်သဘောနဲ့ကိုယ်ဝင်ရောက် အမှုထမ်းခဲ့တယ်။ ဂျာမနီစစ်ရှုံးရတာလည်း Jews လူမျိုးတွေကြောင့်ပဲလို့အပြစ်တင်ပြီး Germany နိင်ငံကို German လူမျိုးသန့်သန့်ပဲ ရှိစေရမယ်လို့ ဆုံးဖြစ်ခဲ့တယ်။ စစ်ပြီးသွားတဲ့အချိန်ဖြစ်တဲ့ ၁၉၁၉ ခုနှစ်မှာ ဂျာမန်အလုပ်သမားများပါတီ (DAP) ဆိုတဲ့ ပါတီသစ်တစ်ခုထဲကို အဖွဲ့ဝင်အဖြစ် ဝင်ရောက်ဖို့စာရင်းသွင်းခဲ့တယ်။ အဲ့ဒီပါတီကို ၁၉၂၀ မှာအမျိုးသားဆိုရှယ်လစ် ဂျာမန်အလုပ်သများများပါတီ National Socialist German Workers Party ဂျာမန်ဘာသာနဲ့ဆိုရင် Nationalsozialistische Deutsche Arbeiterpartei (NSDAP) အဖြစ် အမည်ပြောင်းလဲခေါ်တွင်ခဲ့ပါတယ်။ Hitler

(Juliet) အကြမ်းဖက်အာဏာသိမ်းမှုဟာ အောင်မြင်မှုလမ်းစမရှိနိုင်ဘူးဆိုတာကို ခံစားမိသွားတဲ့ Hitler ဟာ နိုင်ငံတော်အာဏာကို တရားဝင်နည်းလမ်းတွေ သုံးပြီးတော့ အရယူဖို့ကြံစည်ပါတော့တယ်။ ၁၉၃၂ မှာကျင်းပတဲ့ အထွေထွေ ရွေးကောက်ပွဲမှာ သူ့ရဲ့ပါတီ (NSDAP) က အင်အားအကြီးဆုံး ပါတီဖြစ်လာခဲ့ပါတယ်။ အကျိုးဆက်အနေနဲ့ သူဟာ ၁၉၉၃ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့မှာ နိုင်ငံတော်ဝန်ကြီး ချုပ်ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီလိုအောင်မြင်လာတဲ့အချိန်မှာ Hitler ဟာ သူ့ရဲ့အဖွဲအစည်းအတွက်ရော ဂျာမန်လူမျိုးတွေကို ရောပါကိုယ်စားပြုတဲ့ အမှတ်အသား တစ်ခုရှိသင့်တယ်ဆိုပြီး တံဆိပ်တစ်ခုလုပ်ဖို့ စဉ်းစားရင်း စာအုပ်တစ်အုပ်မှာ သူလိုချင်တဲ့ တံဆိပ်တစ်ခုကိုတွေ့ခဲ့တယ်။ အဲ့ဒါကတော့ ဗုဒ္ဓဘာသာလူမျိုးတွေရဲ့ အမှတ်အသားဖြစ်တဲ့ ဓမ္မစင်္ကြာတံဆိပ်ပဲပေါ့။ ဒီတံဆိပ်ရဲ့အမှတ်အသားက အေးမြခြင်း ၊ ငြိမ်းချမ်းခြင်း ၊ ကြွယ်ဝချမ်းသာခြင်းဆိုတဲ့ အတိတ်နိမိတ်ကိုဆောင်ပေမယ့် Hitler ကတော့ တံဆိပ်ရဲ့ပုံစံရော၊ အဓိပ္ပာယ်ကိုရောပါ ပြောင်းပြန်လှန်ပစ်ခဲ့တယ်။
(C4) Adolf Hitler ဟာ နိုင်ငံရေးနဲ့အုပ်ချုပ်ရေး လောကကို ဝင်ရောက်လာချိန်ကတည်းက ဂျာမနီနိုင်ငံမှာ ဒီမိုကရေစီစနစ်ကိုဖော်ဆောင်ဖို့ လုံးဝစိတ်ကူးမရှိခဲ့ပါဘူး။ ဒါပေမယ့် နိုင်ငံတော်အာဏာကို သူ့လက်ထဲအမြန်ရောက်ရှိဖို့နဲ့ ၊ ရလာပြီးတဲ့အာဏာကိုလည်း ဆက်ပြီးတော့အဓွန့်ရှည် ရှည်ချုပ်ကိုင်ထားနိုင်ဖို့အတွက် ဒီမိုကရေစီစနစ်ကို စနစ်တကျအလွဲသုံးစား ပြုနိုင်ခဲ့ပါတယ်။ ဟစ်တလာဟာ တရားဝင်နည်းလမ်း သုံးသွယ်ကိုအသုံးချပြီးတော့ အကြွင်းမဲ့အာဏာရှင်အဖြစ်ကို လွယ်လင့်တကူပဲရရှိခဲ့ပါတယ်။ သူ.. အုပ်ချုပ်ရေးအာဏာ ရရှိလာခဲ့ပုံကို ပြန်ကြည့်မယ်ဆိုရင်... အင်း.. ၁၉၃၃ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ ဂျာမနီနိုင်ငံ ပြည်သူ့လွှတ်တော် အဆောက်အဦး မီးစွဲလောင်ခဲ့ပါတယ်။ အဲ့ဒီမီးလောင်မှုကြီးကပဲ Hitler ကို အာဏာရှင်အဖြစ် ကိုရောက်လာဖို့ ပထမဦးဆုံးတွန်းအားပေးခဲ့ပါတယ်။ မီးလောင်မှုနဲ့စပ်လျဉ်းပြီးတော့ အရေးပေါ်အစည်းအဝေး တစ်ရပ်ကို အချိန်မဆိုင်းဘဲခေါ်ယူဆွေးနွေးခဲ့ပါတယ်။ အဲ့ဒီအစည်းအဝေးမှာ Hitler က လက်ရှိနိုင်ငံတော် သမ္မတဆီကနေပြီးတော့ ဥပဒေသစ်တစ်ခုကို တောင်းခံခဲ့ပါတယ်။ “နိုင်ငံတော်နှင့်လူမျိုးစုများကို ကာကွယ်စောင့်ရှောက်ပိုင်ခွင့်ဥပဒေ” လို့ခေါ်ပါတယ်။ အဲ့ဒီဥပဒေတရား ဝင်ထုတ်ပြန်ကြေငြာလိုက်တာနဲ့ နိုင်ငံသားတို့ရဲ့ လွတ်လပ်ခွင့်အားလုံးနဲ့ အခြေခံဥပဒေတွေဟာ အချိန်အကန့်အသတ်မရှိ အလိုအလျောက်ရုပ်သိမ်းခြင်းကို ခံလိုက်ရပါတော့တယ်။ အဲ့ဒီအစည်းအဝေး ကျင်းပတဲ့ညနေမှာပဲ Hitler ဟာ သူ့ရဲ့အတိုက်အခံတွေဖြစ်တဲ့ ကွန်မြူနစ်တွေ၊ လက်ဝဲအစွန်းရောက်တွေနဲ့ ဆိုရှယ်ဒီမိုကရက်တွေကို လိုက်လံဖမ်းဆီးချုပ်နှောင်စေခဲ့ပါတယ်။
(Craton) ၁၉၃၃ခု မတ်လ ၂၄ ရက်နေ့မှာ ဟစ်တလာက စစ်ဥပဒေသစ်တစ်ခုကို ထုတ်ပြန်လိုက်ပါတယ်။ အဲ့ဒီဥပဒေကို “နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ အရေးပေါ်အခြေအနေများကို ကိုင်တွယ်ဖြေရှင်းခွင့်ဥပဒေ” လို့ တရားဝင်ခေါ်ဆိုခဲ့ပေမယ့်လည်း တကယ်တမ်းကဒီဥပဒေအရပဲ Hitler အာဏာရှင်ဟာ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို လိုသလိုမွှေနှောက် အသုံးချနိုင်သူ ဖြစ်သွားပါတယ်။ အဲ့ဒီထက်ပိုဆိုးတာက ဒီအမိန့်အရ ပြည်သူ့လွှတ်တော်ရဲ့ ထိန်းချုပ်မှု အောက်ကနေလည်း ကွင်းလုံးကျွတ် လွတ်မြောက်ခွင့်ရသွားတာပါပဲ။ အဲ့ဒီနည်းနဲ့ပဲဂျာမနီနိုင်ငံမှာ အချိန်အတော်ကြာ အမြစ်တွယ်နေပြီးတဲ့ ဒီမိုကရေစီစနစ်ဟာ အပြီးတိုင်ချုပ်ငြိမ်း သွားခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ အာဏာရှင်တွေဟာ နိုင်ငံရေးအတိုက်အခံတွေ၊ တော်လှန်ပုန်ကန်သူတွေကို ချုပ်နှောင်ထိန်းသိမ်းဖို့ နာဇီအကျဉ်းစခန်းတွေကို စတင်တည်ထောင် ပါတော့တယ်ဗျာ။ နိုင်ငံရေးသမားတွေကို မြေလှန်ရှာဖွေ ဖမ်းဆီးစေနိုင်ခဲ့ပြီး

(Juliet) Jews တွေကိုမုန်းတီးခဲ့သူ Hitler ဟာ ၁၉၃၉ ခုနှစ်လောက် မှာ Jews လူမျိုးတစ်ခုလုံးကို သုတ်သင်ရှင်းလင်းဖို့ကြိုးစားခဲ့တယ်။ ပထမဆုံးတော့ Jews တွေကို Germany နိုင်ငံကနေ ထွက်သွားခွင့်ပေးခဲ့ပေမယ့် Britain နဲ့ France အစရှိတဲ့နိုင်ငံတွေက သူတို့နိုင်ငံထဲကို Jews လူမျိုးအတော်ဝင်ရောက် ကူးပြောင်းနေပြီဖြစ်လို့ Jews လူမျိုးတွေကို လက်မခံနိုင်တော့ဘူးလိုကြေငြာလိုက်တယ်။ ဒီလိုနဲ့ Hitler လည်း Jews လူမျိုးတွေကို နည်းမျိုးစုံနဲ့သုတ်သင်ရှင်းလင်းခဲ့တယ်။ သူရဲ့လူမျိုးစုတစ်ခုလုံးကို မျိုးစက်မကျန်အောင် သုတ်သင်ရှင်းလင်းခဲ့ပုံက ရက်စက်ပြီး အဓိပ္ပာယ်မဲ့နေပေမယ့်လည်း သူ့အတွက်တော့ သူဟာဂျာမန်လူမျိုးတွေတိုးတက်ဖို့ ၊ ဂျာမန်လူမျိုးသန့်စင်ဖို့ အတွက်လုပ်တယ်လို့ ယုံကြည်ပြီးသတ်ဖြတ်ခဲ့တယ်။ Hitler ဆိုတာရက်စက်တဲ့သူလို့ အားလုံးက သိထားကြပေမယ့်လည်း သူ့ရဲ့ဇွဲနဲ့ရဲရင့်မှုကတော့ သမိုင်းဝင်လောက်အောင်ကို ဖြစ်ခဲ့ရပါတယ်။ Hitler က ဥရောပ တစ်ခုလုံးကိုသိမ်းပိုက်နိုင်ခဲ့သူဆိုတဲ့ အချက်ကတော့ Hitler ရဲ့အောင်မြင်မှုကို သက်သေပြတာပါပဲ ။ သူသိမ်းပိုက်နိုင်ခဲ့တဲ့ အောင်မြင်မှုတွေကိုကြည့်မယ်ဆိုရင်တော့ ဂျာမနီနိုင်ငံကို အလယ်မှာထားပြီးပုံဖော်ကြည့်ရအောင် ။ Hitler စစချင်းသိမ်းပိုက်ခဲ့တာတော့ ၁၉၃၉ ခုနှစ်လောက်မှာ ဂျာမနီနိုင်ငံရဲ့အရှေ့ဘက်မှာရှိတဲ့ ပိုလန်နိုင်ငံကိုစတင်သိမ်းပိုက်ခဲ့တယ် ။ ၁၉၄၀ ခုနှစ် တစ်နှစ်အတွင်းမှာပဲ Denmark, Norway, the Netherlands, Belgium Luxembourg ဆိုတဲ့ ဂျာမနီနိုင်ငံရဲ့ အနောက်ဘက်ပြင်သစ်နား ပတ်ပတ်လည်မှာရှိတဲ့ နိုင်ငံတွေ၊ မြို့တွေကိုသိမ်းပိုက်နိုင်ခဲ့တယ်။
(C4) အဲ့ဒါတွေပြီး သွားတဲ့အချိန်မှာတော့ အနောက်တောင်ဘက်မှာရှိတဲ့ ပြင်သစ်ကို ခြေဦးလှည့်ခဲ့ပါတယ်။ ပတ်ဝန်းကျင်ပတ်ပတ်လည်မှာရှိတဲ့ မြို့ပတ်

Final Days of Germany and Hitler
(Craton) အောင်မြင်မှုတွေ၊ ကျဆုံးမှုတွေက ဘယ်တော့မှမတည်မြဲနိုင်သလို Hitler ရဲ့အောင်မြင်မှုတွေလည်း သိပ်ပြီးတော့အဓွန့်မရှည်ကြာနိုင်ခဲ့ပါဘူး။ ဒုတိယကမ္ဘာ့စစ်မှာ အမေရိကန်နိုင်ငံ ပုလဲဆိပ်ကမ်းကို ဂျပန်တွေ ဗုံးကြဲသွားပြီးတဲ့နောက်မှာ အမေရိကန်နိုင်ငံလည်း ဒုတိယကမ္ဘာစစ်မှာ ပါဝင်ပတ်သတ်လာပြီးတော့ မဟာမိတ်နိုင်ငံတွေဖွဲ့ခဲ့ပါတယ်။ ဂျာမနီနဲ့ဂျပန်နိုင်ငံ သိမ်းပိုက်ခဲ့မြို့တွေကိုလည်း အမေရိကန်နဲ့မဟာမိတ်တပ်တွေက ပြန်လည်သိမ်းပိုက်နိုင်ခဲ့တာမို့ Hitler လည်း သူ့ရဲ့အောင်မြင်မှုတွေကို စွန့်လွှတ်ဖို့ပြင်ဆင်ခဲ့ရတယ်။ သူ့ရဲ့လေးစားစရာရော ၊ အားကျစရာရောကောင်းတဲ့ စိတ်ဓါတ်ကတော့ သူသေတဲ့အထိ လက်နက်မချသွားဘူးဆိုတာပါပဲ။ ၁၉၄၅ ခုနှစ် ဧပြီလ ၂၅ ရက်နေ့မှာ Germany နိုင်ငံကို အမေရိကန်နဲ့မဟာမိတ်တပ်တွေ သိမ်းပိုက်သွားတဲ့အချိန်မှာတော့ Hitler ကသူချစ်ရတဲ့သူ Eva Braun ကိုလက်ထပ်ပြီး နှစ်ကိုယ်တူသက်သေပြီးတော့ သူ့ဘ၀ကိုအဆုံးသတ်သွားခဲ့ပါတယ်။

World War II စစ်ကြီးပြီးခါနီး Hitler ရဲ့ Germany ခံတပ်မှာနေခဲ့တဲ့ Hitler ရဲ့နေ၀င်ချိန် နောက်ဆုံးနေ့တွေအကြောင်း ရိုက်ကူးခဲ့တဲ့ ဒီရုပ်ရှင်ဟာ 2004 ခုနှစ်အတွက်အအောင်မြင်ဆုံး ရုပ်ရှင်တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။
(Juliet) ဟုတ်ကဲ့..။ အခုလောက်ဆိုရင်တော့ ဒီတစ်ပတ် Knowledge101 (Adolf Hitler) အစီအစဉ်လေးကို ပရိသတ်ကြီးများအားလုံးပဲ ကျေနပ်နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်ရှင်။ နောက်တစ်ပတ် နောက်တစ်ပတ်တွေမှာလည်း ဘယ်လိုမျိုးဆန်းသစ် တင်ဆက်လာမယ်၊ ဘယ်သူတွေအကြောင်းကို ဝေငှပြောပြပေးသွားမယ်ဆိုတာကို MYMC ပရိသတ်ကြီး စောင့်မျှော်အားပေးကြပါဦးနော်။ အခုလိုမျိုး ဒီအစီအစဉ်လေးကို နားသောတဆင် အားပေးကြတဲ့အတွက်လည်း ကျွန်မတို့ DJ မောင်နှမသုံးယောက်က MYMC ဝိုင်းတော်သားတွေအားလုံးရဲ့ကိုယ်စား အထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။ ။
အသံနဲ့နားထောင်ချင်တယ်ဆိုရင်တော့
Presenters | Juliet, C4 & Craton
Audio | Amedeo
Written and Translated | Juliet, C4 & Crat
No comments:
Post a Comment