Wednesday, October 23, 2013

Random Madness


Random Madness
Random Madness
အသစ်တွေ မလုပ်ဖြစ်တာ တော်တော်ကြီးကို ကြာသွားပြီပဲနော်။ ကျွန်တော်တို့ ကိုယ်တိုင် တစ်ကယ်ကို အချိန်ပေးပြီး သေချာ မလုပ် နိုင်တော့ ဒီအတိုင်းပဲ ထားရတာ။ Playlist ဆိုလည်း ဒီအတိုင်းပဲ အသစ်ကို မတင်ဖြစ်သေးပါဘူး။ ဒါလေးက အမှန်တော့ မနေ့ညက ပေါက်လာတဲ့ စိတ်ကူးလေးပါ။ အထူးအဆန်းတော့ မဟုတ်ပါဘူး။ တစ်ချို့တွေက Song of the day ကိုနည်းတယ် လို့ပြောကြတဲ့ Comment တွေကျွန်တော်တို့ ဖတ်ဖူးပါတယ်။ နောက်ပြီး တချို့ သီချင်းတွေကို Song of the Day လုပ်ချင်ရက်နဲ့ Video မရှိလို့ ကျွန်တော်တို့ မတင်ခဲ့တာ အများကြီး ရှိပါတယ်။ ဒီထဲက သီချင်းတွေနဲ့ နောက်အခု အသစ်ထွက် ထားတာတွေကို ရောချင်သလို တွေရောထား တာပါ။ ဘာမှ သေချာခေါင်းစဉ်နဲ့ စီထားတာ မရှိသလို ဘာမှလည်း အဆက်စပ်နဲ့ လုပ်ထားတဲ့ Playlist မဟုတ်ပါဘူး။ Playlist လို့ကို မခေါ်ချင် တာပါ။ ဒီအတိုင်း စိတ်ကူးပေါက်ရာ သီချင်းတွေ Random စုပြီး ဖြစ်နိုင်ရင် ၂ပတ်၁ခါလောက် update လုပ်ဖို့ စီစဉ်နေ ပါတယ်။ လောလောဆယ်တော့ Download မထည့်ပေး သေးပါဘူး။ ဒီလို မျိုးလေး ကြိုက်လား မကြိုက်လား ပရိတ်သတ် ဘယ်လို သဘောရလဲ အရင် ပြောကြည့်ပါ။ တဖြည်းဖြည်းနဲ့ MYMC Fan တွေသဘော ကျတယ်ဆိုရင် ပိုပိုပြီး ချဲ့သွားမှာ ဖြစ်သလို Download တွေလည်း ပေးသွားမှာပါ။ အောက်မှာ Comment လေးတွေ မစပါနော်။ Comment တစ်ခုဟာ ကျွန်တော်တို့ အတွက် အားဆေး တစ်ခွက်ပါ။

Download Link : Zippyshare

No comments:

Post a Comment